ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဇောတိက-ရတနာ ပိုက်လိုင်းစီမံကိန်းဝန်းကျင်ကိုစစ်အာဏာရှင်တပ်ဗုံးကြဲ၊ အမျိုးသမီးတစ်ဦးသေဆုံး

Dawei Watch

November 12, 2025

ထိုင်း-မြန်မာ နယ်စပ် နတ်အိမ်တောင်ဒေသသို့ တနင်္သာရီကမ်းလွန်မှ သဘာဝဓာတ်ငွေ့ များ သယ်ပို့နေသည့် ဓာတ်ငွေ့ပိုက်လိုင်းများ သွယ်တန်းထားသည့် ဧရိယာအနီး နိုဝင်ဘာလ ၁၁ ရက် နေ့လယ်ပိုင်းက စစ်အာဏာရှင်တပ်ကဗုံးကြဲခဲ့ကြောင်း ဒေသခံများထံမှသိရသည် ။ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီး ပိုက်လိုင်းစီမံကိန်းများ၏ နယ်မြေသတ်မှတ်ချက်အရ E 3 ဇုန် မှ ပေ ၃၀၀ ခန့်အကွာကို Y 12 လေယာဥ်ဖြင့် ကြဲချခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။ ။ ဗုံးကြဲခံရမှုကြောင့် အဆိုပါဧရိယာ အနီးရှိ ကျောက်လုံးကြီးရွာမှ အသက် ၁၉ နှစ်အရွယ် မချစ်စနိုး ဗုံးစထိမှန်ကာ ဦးခေါင်ကြေမွ သေဆုံးခဲ့ရကြောင်း ဓာတ်ပုံ မှတ်တမ်းများနှင့် ရွာသားများ၏ ပြောပြချက်အရ သိရသည် ။ “ဘာတိုက်ပွဲမှမရှိဘဲ လာကြဲချသွားတာ” ဟု ကရင်အမျိုးသားအစည်းအရုံး […]

BBC တွင် ပိုတင်းကျပ်သည့် အယ်ဒီတာစံနှုန်းကော်မတီလိုအပ်ဟု ယဥ်ကျေးမှုအတွင်းဝန်ဟောင်းပြော

Dawei Watch

November 12, 2025

BBC သတင်းဌာနအနေဖြင့် ပိုမိုတင်းကျပ်သည့် အယ်ဒီတာစံနှုန်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် လိုအပ်ကြောင်း ဗြိတိန်ကွန်ဆာဗေးတစ်ပါတီ ယဥ်ကျေးမှုဆိုင်ရာအတွင်းဝန်ဟောင်း John Whittingdale က ပြောကြားလိုက်သည်။ BBC အနေဖြင့်ပိုမိုပြတ်သား၍ ခိုင်မာသော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက BBC News Channel သို့ ပြောကြားခဲ့သည်။ “BBC က BBC ကို စစ်ဆေးအကဲဖြတ်နေရသည့် သဘောမျိုး” မဖြစ်စေရန် အဆိုပါ ကော်မတီတွင်ပြင်ပမှ ပုဂ္ဂိုလ်များကို ပိုမိုပါဝင်စေသင့်ကြောင်း ၎င်းက ဆိုသည်။ မကြာသေးမီက ဖြစ်ပွားခဲ့သော ချို့ယွင်းချက်များအတွက် ဘုတ်အဖွဲ့ထက် မန်နေဂျာများကသာ တာဝန်ခံသင့်ကြောင်း ၎င်းက ဆိုသည်။ BBC ဘုတ်အဖွဲ့၏ အမှုဆောင် မဟုတ်သော ဒါရိုက်တာ Robbie Gibb အနေဖြင့် ရာထူးမှ နုတ်ထွက်ပေးရန် […]

ပါကစ္စတန်မြို့တော်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွား

Dawei Watch

November 12, 2025

ပါကစ္စတန်မြို့တော် အစ္စလာမာဘတ်ရှိ ခရိုင်တရားရုံးအပြင်ဘက်၌ နိုဝင်ဘာလ ၁၁ ရက်နေ့က အသေခံ ဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန်ပြည်ထဲရေးဝန်ကြီးက ပြောသည်။ အဆိုပါ တိုက်ခိုက်မှုမျိုးသည် နှစ်ပေါင်းများစွာကြာပြီးနောက် ပါကစ္စတန်မြို့တော်တွင် ပထမဆုံးအကြိမ် ပြန်လည်ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။ ယင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြရပြီး လမ်းမပေါ်တွင် ကွဲအက်နေသည့် မှန်အပိုင်းအစများနှင့် မီးလောင်ထားသည့် ယာဉ်များ ကျန်ရစ်ခဲ့ကြောင်း သတင်းများတွင်ပါရှိသည်။ ယင်းတိုက်ခိုက်မှုကို ပါကစ္စတန်တာလီဘန် စစ်သွေးကြွအဖွဲ့က ၎င်းတို့ လုပ်ဆောင်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ ပါကစ္စတန်တရားစီရင်ရေး အရာရှိများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ပါကစ္စတန်တာလီဘန်စစ်သွေးကြွအဖွဲ့၏ ထုတ်ပြန်ချက်တွင် “ကျွန်တော်တို့ရဲ့ […]

မောတောင်စစ်ဘေးရှောင် တစ်ထောင်ကျော်အတွက် ရိက္ခာနှင့် အမိုးအကာ အရေးပေါ်လိုအပ်

Dawei Watch

November 12, 2025

ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်နေ၍ ဒေသခံတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး တာလပတ်နှင့် စားနပ်ရိက္ခာများ အရေးပေါ်လို အပ်နေကြောင်း စစ်ရှောင်ကူညီနေသူများထံမှ သိရသည်။ နိုဝင်ဘာလ ၁၁ ရက်နေ့ နေ့လယ် ၁ နာရီခွဲက မောတောင်မြို့ပြင်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒေသခံများသည် အလယ်ဂိတ်တွင် စစ်ရှောင်နေကြရကြောင်း တာလပတ်နှင့်စားနပ်ရိက္ခာများ အရေးပိုလိုအပ်လျက်ရှိကြောင်း စစ်ရှောင်ကူညီနေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။ “အရေးပေါ် ထွက်ပြေးလာကြတော့ အချို့ အမိုးတွေပါတဲ့သူကပါတယ်။ မပါတဲ့သူက များတယ်။ စားနပ်ရိက္ခာက လိုတယ်။ ဘာမှသယ်မရခင် ပြေးလာသမားတွေက များတယ်။ အခုရှောင်နေတဲ့ထဲ (စစ်ရှောင်များတွင်) ကလေးတွေက ပိုများတယ်”ဟု အထက်ပါ စစ်ရှောင်ကူညီနေသူက ပြောသည်။ နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၁၁ နာရီတွင် […]

ထားဝယ်တွင် အမျိုးသားသုံးဆယ်ခန့်ကို စစ်အာဏာရှင်တပ် ဖမ်းဆီး၊ လူငယ်များကို စစ်မှုထမ်းစုဆောင်း

Dawei Watch

November 11, 2025

ထားဝယ်မြို့နယ်၊ တလိုင်းတောင်ရွာနှင့် ဇလွန်းရွာတို့ရှိ ဘိလယက်ခုံဖွင့်ထားသည့် ဆိုင်နှင့် စားသောက်ဆိုင် သုံးဆိုင်ထက်မနည်းကို စစ်အာဏာရှင်တပ်သားများက ဝင်ရောက်ကာ အမျိုးသား သုံးဆယ်ခန့်ကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၁၀ရက် နေ့လယ်ပိုင်း၌ စစ်အာဏာရှင်တပ်သားများ စစ်ကား ခြောက်စီးဖြင့် လာရောက်ကာ ယင်းဆိုင်များတွင် အာဆီယံ (အရွက်ပြုတ်ရည်) ရောင်းချနေသည်ဟုဆိုကာ ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း ရွာသားများက ဆိုသည်။ “(ဖမ်းဆီးခံရတာမှာ) ဆိုင်မှာရှိနေတဲ့ သူတွေအပြင် ဆိုင်ဘေးအိမ်က လူတချို့ပါ ပါတယ်။ သူတို့ပြောတာကတော့ အာဆီယံကြောင့် ဖမ်းတယ်ပဲပြောတယ်” ဟု တလိုင်းတောင်ရွာသားတစ်ဦး ပြောသည်။ အဖမ်းခံရသူများသည် တလိုင်းတောင်ရွာ၊ ကသန်းရွာနှင့် ဇလွန်းရွာ စသော ရွာသုံးရွာက အသက် ၁၆ နှစ်မှ အသက် ၄၀ ဝန်းကျင်အကြား အမျိုးသား ၂၇ ဦး […]

လောင်းလုံး ညင်းမော်ရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်

Dawei Watch

November 11, 2025

လောင်းလုံးမြို့ နယ်၊ ညင်းမော်ကျေးရွာတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်ပစ်ခတ်မှု ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ လောင်းလုံးမြို့မှ နိုဝင်ဘာလ ၁၀ရက် နံနက်ပိုင်းကစ၍ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တို့က တိုက်ခိုက်ရာမှ ယင်းနေ့ ညနေပိုင်းတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “တိုက်ပွဲက ညနေ ၄ နာရီကျော်လောက်မှာ စဖြစ်တယ်။ နာရီဝက်လောက် ပစ်ကြပြီး ငြိမ်သွားတယ်။ ညဘက် လက်နက်ကြီး ပစ်သံတွေလည်း ကြားရသေးတယ်” ဟု ၎င်းက ဆိုသည်။ နှစ်ဖက် ပစ်ခတ်မှုအတွင်း ထားဝယ်မြို့ရှိ စစ်အာဏာရှင်တပ်၏ အမြောက်တပ်နှင့် ညင်း‌မော်ကျေးရွာ၏ အနောက်ဘက် ပင်လယ်ပြင်ရှိ စစ်သင်္ဘောတို့က လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ “ည ၁၀ နာရီလောက် ထားဝယ်မြို့ […]

လောင်းလုံး သဗျာရွာသားနှစ်ဦး ၁၀ရက်ကျော်ကြာ ဖမ်းဆီးစစ်ဆေးခံရပြီး ပြန်လွတ်

Dawei Watch

November 11, 2025

လောင်းလုံးမြို့နယ်၊ အနောက်သဗျာရွာသို့ စစ်အာဏာရှင်တပ်စစ်ကြောင်းဝင်ရောက်ချိန် ဖမ်းဆီးသွားသည့် ရွာသားနှစ်ဦး ၁၁ ရက်ကြာ ဖမ်းဆီးစစ်ဆေးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာကြောင်း မိသားစုနှင့်နီးစပ်သည့် ဒေသခံများထံမှ သိရသည်။ ပြန်လွတ်လာသူနှစ်ဦးမှာ အသက် ၅၀ကျော်အရွယ် ဦးလှအေးနှင့် အသက် ၃၀ကျော်အရွယ် ကိုညီလေးဆိုသူတို့ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ အောက်တိုဘာလ ၃၁ရက်တွင် ၎င်းတို့နှစ်ဦးကို အနောက်သဗျာရွာသို့ ရောက်ရှိလာသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းက အခြားရွားသားတစ်ဦးနှင့်အတူ ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူ သုံးဦးအနက် တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ဦးလှအေးနှင့် ကိုညီလေးတို့ကိုမူ စစ်ကြောင်းနှင့်အတူ ထားဝယ်မြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။ ထားဝယ်မြို့ရှိ သပြေချောင်းတပ်နယ်၌ အောက်တိုဘာလ ၃၁ရက်မှ နိုဝင်ဘာလ ၁၀ ရက်အထိ စစ်ဆေးပြီး နိုဝင်ဘာလ ၁၀ ရက် ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း […]

ထိုင်းတွင် မြန်မာလုပ်သားများ CI မှ နိုင်ငံကူးလက်မှတ် ပြောင်းသည့်ဌာနကို ခေတ္တပိတ်

Dawei Watch

November 11, 2025

ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ကိုင်ဆောင်ထည့် မြန်မာအလုပ်သမားများအား နိုင်ငံကူးလက်မှတ်သို့ ပြောင်းလဲထုတ်ပေးနေသောဌာနဖြစ်သည့် ယာယီအချက်အလက်ကောက်ယူရေးဌာနခွဲ (TDCC) ကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်သည်။ ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသရှိ TDCC ဌာနကို လာမည့် နိုဝင်ဘာလ ၁၅ ရက်မှစ၍ ခေတ္တပိတ်သိမ်းမည်ဖြစ်ကြောင်း ဖော်ပြသည်။ TDCC ဌာနသည် CI စာအုပ်ကိုင်ဆောင်ထားသော မြန်မာအလုပ်သမားများအတွက် နိုင်ငံသား အထောက်အထားများ ဖြစ်သည့် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ ပြည့်စုံပါက နိုင်ငံကူးလက်မှတ် (PJ) စာအုပ်ကို ပြောင်းလဲထုတ်ပေးနေသော ဌာနခွဲတစ်ခု ဖြစ်သည်။ ယခု TDCC ဌာနခွဲကို ခေတ္တပိတ်သိမ်းလိုက်သဖြင့် CI စာအုပ်ကိုင်ဆောင်ထားသော မြန်မာအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်သို့ ပြောင်းလဲလျှောက်ထားခွင့် ယာယီဆိုင်းငံ့နေမည်ဖြစ်ကြောင်း သိရသည်။ […]