မြိတ်တွင် ကျောင်းသားများပါလာသည့်ကား မိုင်းထိပြီး အချို့ဒဏ်ရာရ
Dawei Watch
February 13, 2025မြိတ်မြို့နယ် တုံးဗျောကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားများလိုက်ပါလာသည့် ကားတစ်စီးမိုင်းထိမှန်ပြီး ကျောင်းသားအချို့ ဒဏ်ရာရသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၁ရက်နေ့ နေ့လယ် ၁၂ နာရီ ဝန်းကျင်တွင် တုံးဗျောကြီးကျေးရွာနှင့် သုံးမိုင်ခန့်အကွာရှိ သကန်တောင်ပုကျေးရွာအနီးတွင် မိုင်းထိခြင်းဖြစ်ပြီး ကားပေါ်လိုက်ပါလာသည့် ကျောင်းသားနှစ်ဦး မိုင်းစ ထိမှန်သွားကြောင်း ဒေသခံများကဆိုသည်။ ကားပေါ်တွင် မူလတန်းပြဆရာတစ်ဦးနှင့် ကျောင်းသား ၆ ဦး လိုက်ပါလာကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ဒဏ်ရာရသွားသူအရေအတွက်နှင့် ထိခိုက်မှုအခြေအနေ အသေးစိတ်ကို ထပ်မံစုံစမ်းနေဆဲဖြစ်ပြီး မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ကို ဆက်သွယ်မေးမြန်းရာတွင် ဆရာမ ၁ ဦးနှင့် ကျောင်းသား ၄ ဦး ဒဏ်ရာရသွားကြောင်း ပြောဆိုသည်။ အဆိုပါကားမှာ စာမေးပွဲအတွက် လိုအပ်သည့် စာသင်ခုံများကို တောင်ဖီလာရွာရှိ အထက်တန်းကျောင်းမှ သွားရောက်သယ်ယူချိန် […]


