တနင်္သာရီတွင် စစ်ကောင်စီတပ်ယာဉ်တန်းနှင့် လမ်းကင်းကို တိုက်ခိုက်
Dawei Watch
February 2, 2025တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်အတွင်း စစ်ကောင်စီတပ်ယာဉ်တန်းနှင့် လမ်းကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ကား ၆ စီးပါသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ဇန်နဝါရီ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဘန်းလမွတ်ကျေးရွာအနီးရှိ ၄၄၃ တံတားအနီး မိုင်းဆွဲခဲ့ခြင်းဖြစ်ကြောင်း တိုက်ခိုက်ခဲ့သည့် တောဗုံးကြီးတပ်ဖွဲ့ဝင်များကဆိုသည်။ အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် ဇဝဲရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၅၆ တပ်ရင်း မှ ဇန်နဝါရီ ၃၁ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ထွက်လာခြင်းဖြစ်သည်။ “မိုင်းတွေက အများကြီးထောင်ထားတာ သုံးလုံးကွဲတယ်။(ကား) နှစ်စီးထိခိုက်တယ်။ မိုင်းဆွဲလိုက်တာ ယာဉ်တန်းက မနားဘဲ တန်းမောင်းသွားတယ်” ဟု တိုက်ခိုက်ရာတွင်ပါဝင်သည့် တောဗုံးကြီးတပ်ဖွဲ့မှ ဗိုလ်ကြည်က ပြောသည်။ ယင်းအပြင် စစ်ကောင်စီတပ် […]


