ဆင်ထိုးကြီးရွာသားများ လချီစစ်ဘေးရှောင်နေရ၍ အခက်အခဲကြုံနေရ
Dawei Watch
January 19, 2025ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာ နေသဖြင့် လချီစစ်ဘေးရှောင်နေရသည့် ဆင်ထိုးကြီးရွာ ဒေသခံများမှာ စားရေးနေရေး အခက်အခဲများစွာကြုံနေရကြောင်း ဒေသခံအချို့က ပြောသည်။ ထားဝယ်-မြိတ်ကားလမ်းဘေးက ဆင်ထိုးကြီးရွာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ တပ်စွဲထားသဖြင့် အိမ်ထောင်စု နှစ်ရာကျော်ခန့်၊ လူဦးရေ ခုနစ်ရာခန့်မှာ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်ကစပြီး စစ်ဘေးရှောင်နေရကြောင်း ဒေသခံအချို့က ဆိုသည်။ ကွမ်းသီးဈေး၊ ရော်ဘာဈေးကောင်းနေသည့်အချိန်တွင် ဝင်ရောက်လုပ်ကိုင် စားသောက်၍ မရသဖြင့် စားဝတ်နေရေး အခက်အခဲများကြုံနေပြီး အခြားရွာက အသိမိတ်ဆွေအိမ်နှင့် ဆွေမျိုးအိမ်များ၊ ဘုန်းကြီးကျောင်းများတွင် နေထိုင်ရသည်မှာ ကာလကြာမြင့်လာသဖြင့် နေထိုင်ရေးလည်း အခက်အခဲဖြစ်နေကြောင်း ဒေသခံများက ပြောဆိုသည်။ “လယ်ရှိလည်း လယ်ပစ်ထားရတယ်။ ဥယျာဉ်ရှိလည်း ဝင်လုပ်မရဘူး။ ရွာနားပတ်လည်မှာလည်း မိုင်းတွေထောင်ထားတယ်။ ဟိုနေ့က […]


