တနင်္သာရီရှိ ကျေးရွာအချို့နှင့် စစ်ရှောင်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှောအဖြစ်များ
Dawei Watch
November 6, 2024တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအချို့နှင့် စစ်ဘေးရှောင်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေကြကြောင်း ဒေသခံများနှင့် ဆေးဝန်ထမ်းများက ပြောသည်။ တကူ၊ သိန္ဓော၊ ပဝရွာ၊ ညောင်ပင်ကွင်း၊ မော်တုန်း စသည့်ကျေးရွာများတွင် အောက်တိုဘာလနောက်ဆုံးအပတ်မှစကာ ဝမ်းပျက်ဝမ်းလျှော အဖြစ်များလာကြောင်း ဒေသခံများ၊ စစ်ဘေးရှောင်များကို အကူအညီပေးနေသည့်အဖွဲ့များနှင့် ကျန်းမာရေးကဏ္ဍတွင် ကူညီလုပ်ကိုင်ပေးနေသူများက ဆိုသည်။ “မိသားစုအလိုက် ဖြစ်ကြတာ၊ တအားတော့ အဖြစ်မများ (ရောဂါမပြင်းထန်) ကြဘူး။ ဓာတ်ဆားသောက်၊ ဆေးထိုးဆေးစား သုံးရက်လောက် လုပ်လိုက်ရင်ကောင်းသွားတယ်” ဟု စစ်ရှောင်များကို ကူညီနေသည့် နွေဦးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ရာသီအကူးအပြောင်းကာလဖြစ်သည့်အတွက် နေပူသည့်အချိန် အလွန်ပူပြင်းပြီး မိုးရွာပါကလည်း မိုးသည်းထန်ခြင်း တို့ကြောင့် ဖြစ်နိုင်သလို ရေနှင့် အစားအသောက် မသန့်ရှင်းမှုကြောင့်လည်းဖြစ်နိုင်ကြောင်း ကျန်းမာရေးကဏ္ဍတွင် ကူညီလုပ်ကိုင်ပေးနေသူများက ခန့်မှန်းသည်။ ဝမ်းပျက်ဝမ်းလျှောရောဂါအဖြစ်များနေသဖြင့် စစ်ရှောင်စခန်းအပါအဝင် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် […]


