ပုလော ပင်လယ်ပြင် လှေမှောက်မှု ၁၁ လောင်းတွေ့ထားပြီး ၁၇ ဦးပျောက်ဆုံးနေဆဲ
Dawei Watch
October 21, 2024ပုလောမြို့နယ် ကျောက္ကာရွာအနီး ပင်လယ်ပြင်တွင် လှေမှောက်မှုဖြစ်စဉ်အတွင်း သေဆုံးသွားသည့် အလောင်း ၁၁ လောင်းတွေ့ရှိထားပြီး ၁၇ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အခင်းဖြစ်ရာအနီး ရောက်ရှိနေသူအချို့ထံမှ သိရသည်။ ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့ သွားသည့် ခရီးသည်တင်စက်လှေသည် အောက်တိုဘာလ ၂၀ ရက် ည ၉ နာရီခန့်တွင် ကျောက္ကာရွာအထွက်တွင် နစ်မြုပ်သွားခြင်းဖြစ်သည်။ ကျန်သူများကိုမူ အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်ထားနိုင်ကြောင်း အခင်းဖြစ်နေရာအနီးတွင် ရောက်ရှိကူညီနေသည့် ရဟန်းတစ်ပါးဖြစ်သော အရှင်သုန္ဒရက မိန့်သည်။ ၆၀ ကျော်ခန့် ကယ်ဆယ်ထားနိုင်ပြီဟု သိရသော်လည်း အရေအတွက် အတိအကျကိုမူ မသိရသေးပေ။ အဆိုပါ လှေပေါ်တွင် ခရီးသည် ၉၀ ဦးခန့် လိုက်ပါသွားပြီး လှေမြုပ်ချိန်တွင် မိုးရွာသွန်းခြင်းမရှိသော်လည်း ရေစီးကြမ်းကာ လှိုင်းရှိနေကြောင်း၊ စက်လှေသည် ကျောက္ကာကျေးရွာမှမိနစ် ၂၀ ခန့် […]


