ပုလော မီးလောင်ချောင်းရွာတွင် စစ်ကောင်စီတပ် အင်အားရာချီတိုးချဲ့
Dawei Watch
October 14, 2024စစ်ကောင်စီတပ်က ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာရှိ စခန်းတွင် စစ်အင်အား ရာချီတိုးချဲ့ချထားလာပြီး လက်နက်ကြီးများ ပါကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ ၁၄ရက်တွင် စစ်အင်အားတိုးချဲ့လိုက်ခြင်းဖြစ်ပြီး အနီးဝန်းကျင်ကို စစ်ကြောင်းထိုးလာလျှင် တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင်း မီးလောင်းချောင်းရွာနှင့် အနီးတဝိုက်ရွာများရှိ ဒေသခံအချို့က ပြောသည်။ “အင်အားတော်တော်များတယ်။ ကျွန်မတို့လည်း ရင်တတိတ်တိတ်နဲ့ စိုးရိမ်နေရတာပေါ့။ စစ်ကြောင်းထိုးတာရော တိုက်ပွဲတွေပါ ဖြစ်လာမှာကို ကြောက်နေရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့က မီးလောင်ချောင်းရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ပူးပေါင်းနေရာယူထားသည့် စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့ဖူးသည်။ အဆိုပါစခန်းရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ စခန်းစွန့်ခွာသွားသဖြင့် ကျေးရွာစာသင်ကျောင်းအတွင်း ဆောက်ထားသည့် ဘန်ကာနှင့် ရပ်ရွာအတွင်းရှိ ကတုတ်ကျင်းအားလုံးကို […]


