နှစ် ၄၀ ကျော်တပ်စွဲထားသည့် တနင်္သာရီက သိန္ဒေါစခန်းကို စစ်ကောင်စီတပ်စွန့်ခွာ
Dawei Watch
September 28, 2024နှစ်ပေါင်း ၄၀ ကျော်ကြာ တပ်စွဲထားသည့် တနင်္သာရီမြို့နယ်က သိန္ဒေါရွာက စခန်းကို စက်တင်ဘာ ၂၅ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်က စွန့်ခွာသွားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တိုင်းစစ်ဌာန(တနင်္သာရီ)က ထုတ်ပြန်သည်။ အဆိုပါစခန်းသည် ၁၉၈၀ ခုနှစ်ခန့်ကတည်းက သိန္ဒေါရွာတွင် အခြေစိုက်တပ်စွဲခဲ့သည့် ရှေ့တန်းစခန်းတစ်ခုဖြစ်သည်ဟု တိုင်းစစ်ဌာန(တနင်္သာရီ)က စက်တင်ဘာ ၂၇ ရက်က ထုတ်ပြန်ထားသည်။ ထိုစခန်းမှာ ထိုင်း-မြန်မာနယ်စပ်ရှိ ဝါးနွယ်စခန်း၊ လေကေစခန်းနှင့် ပွိုင့် ၃၀၀၀ စခန်းတို့ကို အုပ်ချုပ်ထောက်ပံ့မှုပေးနေသည့် အဓိကျသည့် စခန်းဖြစ်သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။ ထိုင်း-မြန်မာနယ်စပ်က ပွိုင့် ၃၀၀၀ စခန်းနှင့် နယ်စပ်စခန်းများမှာလည်း ပြန်လည်ဆုတ်ခွာကုန်ပြီဖြစ်သဖြင့် သိန္ဒေါစခန်းမှာ ယင်းနယ်မြေတွင် နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီစခန်းတစ်ခုဖြစ်သည်ဟု တိုင်းပကဖ တာဝန်ခံ ရဲဘော်စတားက ဆိုသည်။ “အဖက်ဖက်က ပြန်ပြီးသုံးသပ်ကြည့်မယ်ဆိုရင် […]


