ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

မြိတ်မြို့ တောကျောင်းတွင် မီးလန့်

Dawei Watch

September 18, 2024

မြိတ်မြို့ ၊ အလယ်ကျွန်းရပ် ၊ တောကျောင်း ဘုန်းတော်ကြီးကျောင်းတွင် မနေ့(စက်တင်ဘာလ ၁၇ ရက်) ညဆယ်နာရီခန့်က မီးလန့်မှုဖြစ်ခဲ့ကြောင်း မြို့ခံများ နှင့် မီးသတ်တပ်ဖွဲ့ထံကသိရသည်။ မြိတ်ခရိုင်မီးသတ် နှင့် တောကျောင်းဆရာတော်ထံ ဆက်သွယ်မေးမြန်းရာတွင် ဘုရားတောင်ပေါ် အမှိုက်မီးရှို့စဉ် မီးလောင်သည်အထင်ဖြင့် မီးလန့်မှုဖြစ်ခဲ့ကြောင်း တုံ့ပြန်ဖြေကြားသည်။ ” ဘုရားတောင်ပေါ်မှာ အမှိုက်ပုံမီးတိုက်နေတာ ။ လူလည်းရှိပါတယ်။ ရပ်ကွက်ထဲက မီးလှမ်းမြင်တော့ မီးသတ်အကြောင်းကြားလိုက်တာ မီးသတ်ကားတွေရောက်လာပြီး မီးလန့်သလို ဖြစ်သွားတယ် ။ ဘာမီးလောင်တာမှမရှိဘူး ” ဟု တောကျောင်း ဆရာတော်က မိန့်သည်။ မီးလန့်မှုကြောင့် မီးသတ်ကားများရောက်ရှိလာခဲ့ခြင်းသာရှိပြီး တစ်စုံတစ်ရာထိခိုက်မှု မရှိခဲ့ဟု ရပ်ကွက်နေသူများက ဆိုသည်။ စက်တင်ဘာလ ၁၇ ရက် နံနက်အစောပိုင်းတွင်လည်း မြိတ်မြို့ ၊ ကြံတော လေးလမ်းထိပ် […]

မြိတ်တွင် မီတာခုံအပူလွန်၍ မီးလောင်မှုဖြစ်

Dawei Watch

September 17, 2024

မြိတ်မြို့ ၊ ကြံတောလမ်းမကြီး၊ ကြံတော (၄) လမ်းထိပ်အနီးတွင် ဖွင့်လှစ်ထားသော ကလေးအရုပ်နှင့်အထည်ဆိုင် မီးလောင်မှု ယနေ့ (စက်တင်ဘာ ၁၇) နံနက်တွင် ဖြစ်ပွားခဲ့သည်ဟု မြို့ခံများထံကသိရသည်။ နံနက် ၅ နာရီ ၂၈ မိနစ်တွင် မီးစလောင်ခဲ့ပြီး မိနစ်ပိုင်းအကြာတွင် ငြိမ်းသတ်နိုင်ခဲ့၍ လူထိခိုက်မှုမရှိကြောင်း မြိတ်ခရိုင်မီးသတ်ဦးစီးဌာန တာဝန်ရှိသူကပြောသည်။ မီးလောင်မှုသည် မီတာခုံရှော့ဖြစ်၍ အပူလွန်ကဲရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ မီးလောင်မှုကြောင့် ဆိုင်ခန်းအတွင်းရှိ အ‌ေရာင်းပစ္စည်းအချို့ မီးလောင်ပျက်စီးမှုရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများတွင် တွေ့ရသည်။ ပြီးခဲ့သည့် ဇွန်လကလည်း မြိတ်မြို့တွင် လျှပ်စစ်ထမင်းပေါင်းအိုးအပူလွန်ကဲရာက နှစ်ထပ်လူနေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း မီးသတ်မှတ်တမ်းများအရ သိရသည်။

တနင်္သာရီလမ်းပိုင်းကို ညပိုင်းဖြတ်သန်းမသွားကြရန် ပကဖ သတိပေးထုတ်ပြန်

Dawei Watch

September 15, 2024

မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု ကျောက်ဖြူတောင်လမ်းဆုံမှစပြီး တနင်္သာရီမြို့နယ် လမ်းမကြီးတစ်လျှောက်ကို ညဘက်ဖြတ်သန်းသွားလာခြင်း မပြုရန် မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။ ခရီးသည်ကားများ၊ ကုန်ကားများ၊ အိမ်စီးကားများအပါအဝင် မည်သည့်ယာဉ်မဆို ညနေ ၆ နာရီမှ မနက် ၆ နာရီအတွင်း အဆိုပါလမ်းပိုင်းမှ ဖြတ်သန်းသွားလာခြင်း မပြုကြရန် စက်တင်ဘာလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါလမ်းပိုင်းရှိ ကြေးနန်းတိုင်ရွာမှ တုန်း‌ဗျောကျေးရွာအထိကို စစ်ကောင်စီတပ်က အင်အားတိုးချထားပြီး လမ်းပိုင်းစစ်ဆေးမှုလည်း တင်းကြပ်ထားကြောင်း မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ဏကြီးကပြောသည်။ ယင်းအပြင် စစ်ကောင်စီတပ်သားများသည် ကုန်ကား၊ အအေးခန်းကားများတွင် အရပ်သားအယောင်ဆောင်ပြီး လိုက်ပါလေ့ရှိကြောင်းလည်း ၎င်းကပြောဆိုသည်။ “ညအချိန်မှာလည်း(စစ်ကောင်စီတပ်သားတွေ) ကားမီးတွေပိတ်ပြီး တက်လာတာတွေရှိတယ်။ ဒါကြောင့်ပြည်သူတွေကို သတိပေးတာဖြစ်ပါတယ်” ဟု၎င်းက ဆိုသည်။ ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်တွင်လည်း အချိန်မရွေး […]

တနင်္သာရီမြို့နယ် ကျွဲထိန်းကုန်းရွာတွင် ဆယ်ကျော်သက် လူငယ်တစ်ဦး ထပ်မံသေဆုံး

Dawei Watch

September 12, 2024

တနင်္သာရီမြို့နယ်၊ ကျွဲထိန်းကုန်းကျေးရွာတွင် မနေ့(စက်တင်ဘာ ၁၁) က နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး ဆယ်ကျော်သက်လူငယ် အမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ မနေ့မနက်ပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပြောသည်။ လက်နက်ကြီးကျရောက် ပေါက်ကွဲသဖြင့် အသက် ၄၀ ကျော်အရွယ် ဒေါ်စန်းသွယ်မှာ နေရာမှာပင်သေဆုံးပြီး အသက် ၆၀ အရွယ် ဒေါ်စန်းသီနှင့် အသက် ၁၅ နှစ်ခန့်ရှိ မဖြူဇာအေးတို့သုံးဦး သေဆုံးခဲ့သည်။ အသက် ၁၉ နှစ်ခန့်အရွယ် ကိုနေနိုင်သူ(ခ)ဒီးတုတ်မှာ ခြေထောက်တွင် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့သဖြင့် ဆေးရုံတင်ပို့စဉ် မနေ့က ညနေပိုင်းမှာပင် သေဆုံးခဲ့သည်ဟု ကျွဲထိန်းကုန်းရွာက အမျိုးသမီးတစ်ဦးက ပြောသည်။ “ပေါင်မှာထိပြီး ခြေထောက်အရိုးကျိုးသွားတယ်။ မြိတ်ဆေးရုံကိုတင်ဖို့ လမ်းပိတ်ထားလို့ သယ်မရတော့ မောတောင်ကနေပြီး ထိုင်းမှာလာကုဖို့ […]

တနင်္သာရီ ကျွဲထိန်းကုန်းရွာတွင် လက်နက်ကြီးကျည်စထိမှန်ပြီး ဒေသခံအမျိုးသမီးသုံးဦးသေဆုံး

Dawei Watch

September 11, 2024

တနင်္သာရီမြို့နယ်၊ ကျွဲထိန်းကုန်းကျေးရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသမီး သုံးဦးသေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် လက်နက်ကြီးကျည် ရွာလယ်လမ်းတွင် ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ လက်နက်ကြီးကျည်စ ထိမှန်ကာ အသက် ၄၀ကျော်အရွယ် ဒေါ်စန်းသွယ်သည် နေရာတွင် သေဆုံးပြီး အသက် ၆၀အရွယ် ဒေါ်စန်းသီနှင့် အသက် ၁၈ နှစ်ခန့်ရှိ မဖြူဇာအေးတို့လည်း သေဆုံးကြောင်း ဆွေမျိုးနီးစပ်တော်သူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “လက်နက်ကြီးက ရွာလယ်လမ်းမပေါ်ကိုလာကျပြီး ထိတာလို့ပြောတယ်။ ညီမတို့ အမျိုးတွေပဲ။ ဒေါ်စန်းသွယ်ကတော့‌ နေရာမှာတင် ဆုံးတယ်။ ဒေါ်စန်းသီနဲ့ ဖြူဇာအေးက ဒဏ်ရာရထားတော့ ညောင်ပင်ကွင်းရွာဘေးက ရွာဘက်ကို ယူပြေးတယ်။ […]

မြိတ်တွင် လျှပ်စစ်မီတာ စျေးထပ်တက်၊ တစ်ယူနစ် ၁၆၀၀ ကျပ်ခန့်ရောက်ရှိ

Dawei Watch

September 9, 2024

မြိတ်မြို့နယ်အတွင်း ဩဂုတ်လအတွက် လျှပ်စစ်မီတာခဈေးနှုန်းမှာ တစ်ယူနစ်လျှင် ကျပ်သုံးရာကျော် ထပ်တက်သွားရာ ၁၆၀၀ ကျပ်ခန့်ရောက်ရှိသွားပြီဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။ မြိတ်မြို့နယ်အတွင်း လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးနေသည့် Petro & Trans ကုမ္ပဏီက လျှပ်စစ်တစ်ယူနစ်လျှင် ၁၅၉၈ ကျပ် သတ်မှတ်ကောက်ခံလာခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လကမူ လျှပ်စစ်တစ်ယူနစ်လျှင် ၁၂၈၅ ကျပ်ကောက်ခံနေသည့်အတွက် ၃၁၃ ကျပ် တိုးမြှင့်လိုက်ခြင်းဖြစ်သည်။ မြိတ်မြို့နယ်အတွင်းသုံးစွဲမည့် လျှပ်စစ်ကို Petro & Trans ကုမ္ပဏီက ဒီဇယ်စက်ကြီးများဖြင့် ထုတ်လုပ်ဖြန့်ဖြူး နေခြင်းဖြစ်ပြီး ဒီဇယ်ဆီဈေးနှုန်းကို တွက်ချက်ကောက်ခံနေခြင်းဖြစ်ကြောင်း ကုမ္ပဏီဘက်က ပြောဆိုခဲ့ဖူးသည်။ တစ်ယူနစ်လျှင် ၁၂၈၅ ကျပ် ကောက်ခံစဉ်က မြိတ်ဈေးကွက်အတွင်း ဒီဇယ်တစ်ပီပါလျှင် ကိုးသိန်းလေးသောင်းကျပ် ဝန်းကျင် ပေါက်ဈေးရှိပြီး လက်ရှိယူနစ်ဈေးတိုးမြင့်ကောက်ခံချိန်တွင် ကျပ်ကိုးသိန်းဝန်းကျင်သာ ပေါက်ဈေးရှိသည်။ အာဏာသိမ်းပြီး […]

တနင်္သာရီတွင် စစ်ကောင်စီတပ် ဒရုန်းဖြင့်ဗုံးချမှုကြောင့် အရပ်သားခြောက်ဦးဒဏ်ရာရ

Dawei Watch

September 9, 2024

စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ် ဘန်လောကျေးရွာအုပ်စုအတွင်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုများကြောင့် အရပ်သားခြောက်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများက ပြောသည်။ စက်တင်ဘာလ ၆ ရက်မှ ၉ ရက်နေ့အထိ လေးရက်တာကာလအတွင်း အမျိုးသမီးများ အပါအဝင် အရပ်သား ခြောက်ဦးဒဏ်ရာရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ စက်တင်ဘာလ ၇ရက် ညနေ ၅နာရီခွဲခန့်တွင် ဘန်လင်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုကြောင့် အသက် ၄၄နှစ်အရွယ် ကိုသားပု ဒဏ်ရာရကြောင်း ဒေသခံများက ပြောဆိုသည်။ ဘန်လင်ကျေးရွာသည် ဘန်လောကျေးရွာအုပ်စုတွင်ပါဝင်ပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်နေသည့် ဘန်လောကျေးရွာနှင့် တစ်ဆက်တည်း တည်ရှိသည်။ စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းခွဲကာ စစ်ကြောင်းထိုးလာသည့်အတွက် စက်တင်ဘာလ ၄ရက်နေ့ကစပြီး စက်တင်ဘာ ၉ရက်နေ့အထိ တနင်္သာရီမြိုနယ် ဘန်လောကျေးရွာအုပ်စုရှိ ကျေးရွာများတွင် တိုက်ပွဲများပြင်းထန်နေသည်။ စက်တင်ဘာ […]

စစ်ကြောင်းရောက်နေ၍ ပုလောမြို့နယ် ခန္တီကျေးရွာအုပ်စုမှ ဒေသခံများ နေရပ်စွန့်ခွာ

Dawei Watch

September 9, 2024

စစ်ကောင်စီစစ်ကြောင်း ရောက်နေပြီး တိုက်ပွဲဖြစ်ပွားလာမည်စိုး၍ ပုလောမြို့နယ် ပလောက်မြို့အနီးရှိ ခန္တီကျေးရွာအုပ်စုမှ ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြကြောင်း ဒေသခံအချို့က ပြောသည်။ ခန္တီကျေးရွာအုပ်စုသည် ပုလောမြို့နယ်၊ ပလောက်မြို့နယ်ခွဲအတွင်းက ကျွန်းတစ်ကျွန်းပေါ်တွင် တည်ရှိပြီး ခန္တီရွာ၊ ကုလားမခေါင်းရွာ၊ တောင်ခေါင်းလောင်းရွာ၊ ပြင်ကြီးရွာများဖြင့် ဖွဲ့စည်းထားသည့် ကျေးရွာအုပ်စုဖြစ်သည်။ စက်တင်ဘာ ၇ ရက်ညပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်များက ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ KNLA (ကရင်အမျိုးသား လွတ်မြောက်ရေးတပ်)နှင့် PDF မဟာမိတ် ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီစစ်ကြောင်း ခန္တီရွာကိုရောက်လာကြောင်း ၎င်းက ဆိုသည်။ “အခုလက်ရှိ စကစတပ်တွေ ခန္တီရွာထဲကိုရောက်နေတယ်။ တိုက်ပွဲထပ်ဖြစ်မှာစိုးလို့ ရွာကလူတွေကတော့ နေရာရွေ့ပြောင်းနေကြတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ စစ်ကောင်စီတပ်ကို […]