တနင်္သာရီတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အရပ်သားကားများကို ချောဆွဲ
Dawei Watch
September 7, 2024လေးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့သည့် တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သားကားများကို ချောဆွဲအသုံးပြုခဲ့ကြောင်း တော်လှန်ရေးတပ်များနှင့် ဒေသခံအချို့ထံမှ သိရသည်။ စက်တင်ဘာလ ၄ ရက်မှ ၇ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများတွင် အရပ်သားကားများကို ချောဆွဲအသုံးပြုခဲ့ခြင်းဖြစ်သည်။ ဇဝဲရွာအခြေစိုက် စစ်ကောင်စီတပ်ရင်းဘက်က စစ်ကြောင်းတစ်ကြောင်း၊ ဘန်လောရွာဘက်က တစ်ကြောင်းနှင့် ၆မိုင်ရွာဘက်က တစ်ကြောင်း စုစုပေါင်းစစ်ကြောင်းသုံးကြောင်းက အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာ၍ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်။ အဆိုပါ စစ်ကြောင်းသုံးကြောင်းက တကူ၊ သာရဘွင်နှင့်ဘန်လောရွာများဘက်ကို ဦးတည်စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ဝင်များကဆိုသည်။ ထိုသို့ စစ်ကြောင်းထိုးချိန်တွင် စစ်ကောင်စီတပ်က အရပ်သားကားများပေါ်ရှိ ပစ္စည်းများကိုဆွဲချကာ ၎င်းတို့၏ ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများ တင်ဆောင်ခိုင်းကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၂ ၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ “အရပ်သားကုန်ကားသုံးစီးကို […]


