တနင်္သာရီတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ
Dawei Watch
October 4, 2024တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တစ်ရက်အတွင်း နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိတ်ပကဖ) ပြန်ကြာရေးတာဝန်ခံက ပြောသည်။ အောက်တိုဘာ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ဘန်းလမွတ်ကျေးရွာအုပ်စုထဲရှိ ညောင်ပင်ကုန်းရွာအနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်ပကဖနှင့် ဒေသခံများထံမှ သိရသည်။ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်စစ်ကြောင်းက ထိခိုက်သေဆုံးမှုရှိသည်ကို ရဲဘော်များက မျက်မြင်တွေ့ရှိခဲ့ ကြောင်း မြိတ်ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။ “စကစရဲ့ ၃၀၆ အမြောက်တပ်ဘက်က လက်နက်ကြီးနဲ့ တစ်ချက် နှစ်ချက်လောက်ပြန်ပစ်ခဲ့တာမျိုးတော့ ရှိတယ်” ၎င်းက ပြောသည်။ အဆိုပါ စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းတွင် အင်အား ၆၀ ဝန်းကျင်ပါဝင်ပြီး တနင်္သာရီမြို့နယ် မော်တုန်းရွာ အခြေစိုက် (၃၀၆) အမြောက်တပ်ရင်းမှ မြိတ်ဘက်သို့ ဦးတည်သွားနေခြင်းဖြစ်ကြောင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင် […]


