ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

တနင်္သာရီတွင် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းနှင့် ရိက္ခာယာဉ်တန်း တိုက်ခိုက်ခံရ

Dawei Watch

January 24, 2025

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီခြေလျင်စစ်ကြောင်းနှင့် ရိက္ခာ၊ လက်နက်ခဲယမ်းတင်လာသည့်ယာဉ်တန်းများကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း မြေပြင်အခြေအနေသိရှိသူများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဇန်နဝါရီလ ၂၁ရက်နှင့် ၂၂ရက်တွင် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ဇန်နဝါရီ ၂၁ရက် ညနေ ၆နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ခြေလျင်စစ်ကြောင်းတစ်ခုကို ပြည်ထောင်စု ကားလမ်းမပေါ် တွင် ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးခြောက်လုံးချကာ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။ အဆိုပါစစ်ကြောင်းတွင် အင်အားနှစ်ရာဝန်းကျင်ပါပြီး စစ်ကောင်စီ၏ ဇဝဲရွာအခြေစိုက် အမှတ် (၅၅၆)ခြေမြန်တပ်ရင်းက တိုက်ပွဲပြင်းထန်နေသည့် သိန်ခွန်းရွာဘက်ကို စစ်ကူသွားမည့်စစ်ကြောင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “သူတို့(စကစ)က တိုက်ခိုက်ခံရပြီးနောက်ပိုင်းကစပြီး ဇဝဲတပ်ကနေရော အမြောက်တပ်ကနေပါ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် မကြာမကြာပစ်နေတာ (ဇန်နဝါရီလ) ၂၃ရက်အထိပဲ။ သူတို့ဘက်က ထိခိုက်တာတွေလည်း […]

မြိတ်-တနင်္သာရီလမ်းပိုင်းကို NUG တောင်ပိုင်းတိုင်းစစ်ဌာနက ဖြတ်သန်းသွားလာခွင့်ပိတ်

Dawei Watch

January 23, 2025

တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သောကြောင့် မြိတ်-တနင်္သာရီလမ်းပိုင်းကို ယနေ့ ဇန်နဝါရီလ ၂၃ရက်မှစတင်ကာ ဖြတ်သန်း သွားလာခွင့်ပိတ်လိုက်ကြောင်း NUG ၏ တောင်ပိုင်းတိုင်းစစ်ဒေသ တိုင်းစစ်ဌာန (တနင်္သာရီ) ထုတ်ပြန်ချက်နှင့် ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်က ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် မောတောင်နယ်စပ်မြို့ဘက်သို့ စစ်ကြောင်းထိုးလာရာ သိန်ခွန်းရွာ အနီးတွင် မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုနှင့် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း NUG ၏ တောင်ပိုင်းတိုင်းစစ်ဒေသ တိုင်းစစ်ဌာန (တနင်္သာရီ) က ယနေ့ ထုတ်ပြန်သည်။ တိုက်ပွဲဖြစ်နေသည့် သိန်ခွန်းရွာအနီးရှိ စစ်ကောင်စီတပ်စစ်ကြောင်းအား အထောက်အကူပေးရန် မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းရှိ ခရီးသွားကားများကို စစ်ကောင်စီတပ်က အကာအကွယ်ယူပြီး စစ်ရေးအကျိုးအမြတ်အတွက် အသုံးပြုနေကြောင်း ဖော်ပြသည်။ တနင်္သာရီနှင့် မောတောင်လမ်းပိုင်းရှိ သိန်ခွန်းရွာဝန်းကျင်တွင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်မှစတင်ကာ စစ်ကောင်စီတပ်က အင်အားရာနှင့်ချီသုံးပြီး စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် […]

စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် တနင်္သာရီတွင် ကလေးနှစ်ဦးအပါအဝင် ၇ ဦးဒဏ်ရာရ

Dawei Watch

January 23, 2025

တနင်္သာရီမြို့နယ်၊မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ၏ ၃၀၆ အမြောက်တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပဝရွာနှင့် အရှေ့သာရဖုံရွာက ကလေးနှစ်ဦးအပါအဝင် အရပ်သား ၇ ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၂၂ ရက် ည ၁၂ နာရီခန့်တွင် စစ်ကောင်စီအမြောက်တပ်က ပဝရွာကို ၁၂၀ မမ လက်နက်ကြီး လေးလုံးနှင့် အရှေ့သာရဖုံရွာကို ၁၂၀ မမ နှစ်လုံး ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ထိုသို့ ပစ်ခတ်မှုကြောင့် ပဝကျေးရွာတွင် အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦးနှင့် ယောကျ်ားလေးတစ်ဦး အပါအဝင်အမျိုးသမီး သုံးဦးနှင့် အမျိုးသား သုံးဦး၊ အရှေ့သာရဖုံရွာတွင် အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံအချို့က ဆိုသည်။ “ညဆိုတော့ အလုပ်ပင်ပန်းပြီးအိပ်မောကျနေတဲ့အချိန်ဆိုတော့ ဘာမှလုပ်ဖို့တောင် မမီလိုက်ဘူး” ဟုအမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။ […]

ပုလောစစ်ရှောင်ထောင်ချီ လေးလနီးပါးကြာသည်အထိ အကူအညီလုံးဝမရသေး

Dawei Watch

January 22, 2025

မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ စစ်ဘေးရှောင်ထောင်နှင့်ချီသည် စစ်ရှောင်ကာလ လေးလနီးပါးကြာလာအထိ အကူအညီ လုံးဝမရသဖြင့် အခက်အခဲများစွာဖြစ်နေကြကြောင်း စစ်ဘေးရှောင်နေရသော ဒေသခံများက ပြောသည်။ ပြီးခဲ့သောနှစ် အောက်တိုဘာလကတည်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များကြား တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီတပ်က အရပ်သားနေအိမ်မီးရှို့မှု၊ ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် ကြဲ၊ တပို၊ စက်တော်ရာ၊ ဇရပ်ဆိပ် စသော ကျေးရွာများနှင့် အနီးဝန်းကျင်တို့က ရွာလုံးကျွတ်နီးပါး စစ်ဘေးရှောင်နေရကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူ ၃,၀၀၀ မှ ၄,၀၀၀ ခန့်အထိရှိနေပြီး ပုလောစစ်ဘေးရှောင်စခန်းသို့ ဝင်ရောက် နေထိုင်သူများရှိသကဲ့သို့ နီးစပ်ရာ ကျေးရွာ၊ တောတောင်၊ ဥယျာဉ်ခြံ၊ ဓနိတောများအပြင် ပင်လယ်ထဲ လှေများဖြင့် တိမ်းရှောင်နေရသူများလည်း ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ စစ်ဘေးရှောင်ပြည်သူများသည် နေထိုင်ရပ်တည်ရေးအတွက် ကိုယ်တိုင်ရှာဖွေစားသောက်နေကြရပြီး စစ်ဘေးရှောင် ကူညီရေးအဖွဲ့များထံမှ […]

ပုလောမြို့တွင် အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးအပါအဝင် အရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး

Dawei Watch

January 22, 2025

ပုလောမြို့ပေါ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး အပါအဝင် အရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၀ရက် ညတွင် လာရောက်ဖမ်းဆီးသွားကြောင်း ပုလောမြို့ခံများထံမှ သိရသည်။ NLD အစိုးရလက်ထက်က ရက်ကွက်အုပ်ချုပ်ရေးမှူး တာဝန်ယူခဲ့သည့် အသက် ၅၀ နှစ်အရွယ် ဦးသန်းထွန်းလေးနှင့် ဘေးတွဲမောင်းနေသည့် အသက် ၄၅နှစ်ဝန်းကျင်အရွယ် ဦးသက်ကိုတို့ကို ဖမ်းဆီးသွားကြောင်း မြို့ခံအချို့က ပြောသည်။ “စစ်ကောင်စီက (တပ်ဖွဲ့ဝင်) အင်အား ၇ယောက်လောက်ပါတယ်။ ကားနဲ့လာပြီး သူ့အိမ်မှာ လာဖမ်းသွားတာ။ အခုချိန်မှာ (ဦးသန်းထွန်းလေး) သူကရိုးရိုးသားသား ရှိတာလေးနဲ့ လုပ်ကိုင်နေထိုင်နေတာ။ စရဖရုံးကို ဝင်စီးခံရတာနဲ့ပတ်သက်ပြီး မသင်္ကာလို့ဆိုပြီး ဖမ်းတာပဲ” ဟု ပုလောမြို့ခံတစ်ဦးက ပြောဆိုသည်။ ဖမ်းဆီးခံရသူနှစ်ဦးသည် ပုလောမြို့ အမှတ် (၂) ရပ်ကွက်တွင် နေထိုင်သူများဖြစ်ပြီး လက်ရှိတွင် ပုလောမြို့အခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း […]

ရေခူ ဈေးနှစ်ဆမြင့်တက်

Dawei Watch

January 21, 2025

မြိတ်ကျွန်းစုတွင် ပင်လယ်ရေခူပေါ်ချိန်နောက်ကျသဖြင့် ရေခူ ဈေးနှစ်ဆနီးပါးမြင့်တက်နေကြောင်းပင်လယ်ရေလုပ်သားများနှင့် ရေထွက်ပစ္စည်းရောင်းဝယ်သူများထံမှ သိရသည်။ ပင်လယ်ရေငန်ဓာတ် မြင့်တက်လေ့ရှိသည့် ဇန်နဝါရီလဝန်းကျင်မှ ဇွန်လခန့်အထိ ပင်လယ်အတွင်း ရေခူပေါ်လေ့ရှိသည်။ ယခုနှစ်တွင် ပင်လယ်ရေခူပေါ်သည့်ရာသီရောက်ပြီဖြစ်သော်လည်း ပင်လယ်အတွင်း ရေခူရှားပါးနေကြောင်း ရေလုပ်သားအချို့က ပြောသည်။ မြိတ်ကျွန်းစုပင်လယ်ပြင်တွင် ရေခူမပေါ်သေးသဖြင့် ရေခူဖမ်းဆီးသည့် ရေလုပ်သားများ လုပ်ငန်း မစရသေးကြောင်း ရေလုပ်သားတစ်ဦးက ဆိုသည်။ “ဒီနှစ် (ရေ) ခူ ပေါ်တာနောက်ကျတယ်ပြောရမယ်။ မနှစ်က ဒီအချိန်လောက်ဆို ‌နေရာတော်တော်များများ ခူပေါ်နေကြပြီ” ဟု အထက်ပါ ရေလုပ်သားက ပြောသည်။ ပင်လယ်ရေမျက်နှာပြင်တွင် ပေါ်နေသည့်ရေခူများကို ရေလုပ်သားများက သံချိတ်ဖြင့် လိုက်လံကောက်ယူ (ဖမ်းဆီး) ကြခြင်းဖြစ်သည်။ ဖမ်းဆီးရရှိသည့် ရေခူများကို ဆားသိပ်ကာ ကန်များဖြင့်သိုလှောင်ပြီး ပြန်လည်ရောင်းချ စားသုံးကြခြင်းဖြစ်သည်။ “‌အခုရောင်းနေတဲ့ ခူတွေတောင် မနှစ်ကလုပ်ထားတဲ့ ခူတွေ။ […]

မြိတ်တွင် ယခုနှစ် သဇင်ပန်းရာသီ ပန်းစျေးတက်

Dawei Watch

January 21, 2025

မြိတ်မြို့တွင် ယခုနှစ် သဇင်ပန်းရာသီတွင် ပန်းတစ်ခက်လျှင် အနိမ့်ဆုံး ကျပ်ငါးထောင်မှ တစ်သောင်းဝန်းကျင်အထိရှိကြောင်း သဇင်ပန်းရောင်းသူများထံမှ သိရသည်။ ရာသီဥတု အပူချိန်ကြောင့် မြိတ်တွင် သဇင်ပန်း ဖြစ်ထွန်းမှုအားနည်းသဖြင့် သစ်တောထူထပ်သည့် တနင်္သာရီမြို့နယ်ရှိ ကျေးရွာများရှိ သဇင်ပန်းစိုက်ပျိုးသူများထံ ဝယ်ယူရောင်းချရကြောင်း ၎င်းတို့က ပြောသည်။ တနင်္သာရီမြို့နယ်တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားခြင်း၊ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ခံရခြင်းတို့ကြောင့် သယ်ယူပို့ဆောင်ရာတွင် စရိတ်ကြီးသဖြင့် ပန်းစျေးတက်ခြင်းဖြစ်ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ “မနှစ်က ပန်းတစ်ခက် သုံးထောင်လောက် စျေးရတယ်။ အခုနှစ် ငါးထောင် အနိမ့်ဆုံးပဲ။ ရောင်းအားလည်းကျတယ်။ လမ်းတွေ အမြဲပိတ်မိတာတွေရှိနေတော့ တချို့ကလည်း သဇင်ပန်းအတုပဲ ပန်ကြတော့တယ်။ သဇင်ပန်းက သေချာထုပ်ပိုး ရင်တော့ ဆယ်ရက်လောက်ခံတယ်” ဟု မြိတ်မြို့ မှ သဇင်ခြံပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။ ထားဝယ်မြို့တွင်မူ […]

မြိတ်တွင် ဆေးခန်းလာပြသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးကို စစ်ကောင်စီတပ်ဖမ်းဆီး

Dawei Watch

January 20, 2025

မြိတ်မြို့တွင် ဆေးခန်းလာပြသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဖမ်းဆီးခံရသူနှင့်နီးစပ်သည့် ဒေသခံများထံမှ သိရသည်။ တနင်္သာရီမြို့နယ် သာရဖုံကျေးရွာက အသက် ၃၅ နှစ်အရွယ် ဒေါ်နှင်းအိလင်းသည် ကိုယ်ဝန်ကို ဆေးခန်းပြရန် မြိတ်မြို့သို့ရောက်နေစဉ် ဇန်နဝါရီလ ၁၇ရက်တွင် ဖမ်းဆီးခံရကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ ကိုယ်ဝန်ခြောက်လခန့်ရှိပြီဖြစ်သည် အဆိုပါအမျိုးသမီးကို မြိတ်မြို့ရှိ ပုလဲဖြူဟိုတယ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ၎င်းက ဆိုသည်။ “အဲဒီမိန်းကလေးက အရင်က ဘိတ် (မြိတ်) လေယာဉ်ကွင်းနားမှာနေတာ။ ပြီးတော့ သူအမျိုးသားရှိတဲ့ သာရဖုံဘက်မှာ လာနေတာ။ ကိုယ်ဝန်ရှိတော့ ဆေးခန်းပြဖို့ဆိုပြီး ဘိတ်တက်သွားတာ အဖမ်းခံလိုက်ရတယ်” ဟု အထက်ပါ နီးစပ်သူက ပြောဆိုသည်။ လက်ရှိတွင် အဖမ်းဆီးခံရသည့်အကြောင်းအရင်းကို မသိရသေးသလို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်း ထားသည်ကိုလည်း မသိရသေးကြောင်း […]