ပုလောတွင် KNLA စစ်ဆေးရေးဂိတ်တွင် အရပ်သားတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး
Dawei Watch
February 25, 2025ပုလောမြို့နယ် ထားဝယ်-ပုလောလမ်းပေါ်က ဆင်ထိုးကြီးရွာအဝင်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီလ ၂၃ရက် ညပိုင်းက အရပ်သားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ သေဆုံးသူမှာ ပိတောက်ကြီးရွာက အသက် ၃၈နှစ်ခန့်အရွယ် မောင်ဂန်ဟု ခေါ်ဝေါ်ကြသူဖြစ်ပြီး ဇနီး၊ သားနှင့်အတူ ပလောက်မြို့တွင် ဆေးခန်းပြပြီး ဆိုင်ကယ်ဖြင့် ရွာသို့ပြန်လာစဉ် အဆိုပါဂိတ်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံ အချို့က ဆိုသည်။ “ဆေးခန်းပြပြီး ပြန်လာတော့ ၇နာရီကျော်နေပြီ။ အဲဒီဂိတ်ကိုရောက်တော့ ၈ နာရီ ထိုးခါနီးနေပြီထင်တယ်၊ အဲဒီမှာ ပစ်ခံရ တာ။ ဆိုင်ကယ် မရပ်လို့ ပစ်တာလို့တော့ သူ့မယားက ပြောတယ်” ဟု ပိတောက်ကြီးရွာက ဒေသခံအမျိုးသမီးတစ်ဦး ပြောဆိုသည်။ ပစ်ခတ်ခံရသည့် အမျိုးသားမှာ ရွာသို့ ရောက်ရှိချိန်တွင် သေဆုံးနေပြီဖြစ်ကြောင်း […]


