ထိုင်း-မြန်မာနယ်စပ်ဘက် ဦးတည်လာသည့် စစ်ကောင်စီယာဉ်တန်းကို ဒရုန်းဖြင့်တိုက်ခိုက်
Dawei Watch
December 16, 2024ထိုင်း-မြန်မာနယ်စပ်၊ မောတောင်မြို့ဘက်ကိုလာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာတွင် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် ဒေသခံအချို့ထံမှ သိရသည်။ ဒီဇင်ဘာ ၁၆ ရက် နံနက် ၈ နာရီဝန်းကျင်တွင် ဘန်းလမွတ်ကျေးရွာနှင့် ညောင်ပင်ကုန်းကျေးရွာကြားကို ရောက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ၆၀ မမ ဗုံးသီးနှစ်လုံးနှင့် ၄၀ မမ ဗုံးသီးတစ်လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ကား ၉ စီးတွင် အင်အား ၃၀၀ နီးပါးပါသည့် စစ်ကောင်စီတပ်ယာဉ်တန်းသည် မြိတ်မြို့အခြေစိုက် ခလရ -၁၀၁ တပ်ရင်းမှ မောတောင်မြို့ဘက်သို့သွားချိန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်အချို့က ပြောသည်။ “ကျွန်တော်တို့ဘက်က သူတို့လမ်းမှာကြိုစောင့်ပြီး ဒရုန်းကိုလည်း ပျံထားတယ်။ သူတို့လာမှ ဗုံးသီးချလိုက်တာ။ ကားနားကိုတော့ကျသွားတယ် ထိခိုက်မှုလည်း ရှိနိုင်တယ်” ဟု […]


