မြိတ်မြို့ တွင် မူးယစ်ဆေးဝါး ကျပ်သိန်း ၁၂၀ ဖိုး ဖမ်းမိ
Dawei Watch
December 29, 2024မြိတ်မြို့ တွင် ကာလတန်ဖိုး ကျပ် သိန်း ၁၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား လေးထောင် ကို ဖမ်းဆီးရမိကြောင်း ယနေ့ ဒီဇင်ဘာလ ၂၉ ရက်တွင် စစ်ကောင်စီလက်အောက်ရှိ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC Myanmar) က သတင်းထုတ်ပြန်သည်။ ဒီဇင်ဘာလ ၂၇ ရက်တွင် မြိတ်တောင်နယ်မြေ၊ စက်ဝင်းရပ် ၊ ဦးမြတ်လေးလမ်းရှိ အိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းမိခဲ့သည့် အသက် ၅၁ နှစ်အရွယ် ဦးတင်ထွေးကို မြိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း ထုတ်ပြန်ချက်အရသိရသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းတွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ ပေါ်ပေါ်တင်တင် လုပ်ဆောင်လာနေပြီး မူးယစ်ဆေးသုံးသူ အလွန်ပေါများလာနေသည်။ WY စိတ်ကြွဆေးပြားနှင့် […]


