ပုလောတိုက်ပွဲတွင် စစ်ကောင်စီတပ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်
Dawei Watch
January 10, 2025ပုလောမြို့နယ် စက်တော်ရာရွာဘက်၌ ဖြစ်ပွားနေသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ကြောင်း KNU တပ်မဟာ (၄) နှင့် မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ (၁၇) တပ်ရင်း၊ စက်တော်ရာရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့ကို့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ရင်း (၇) ၊ PDF ပူးပေါင်းတပ်တို့က ဇန်နဝါရီလ ၉ရက် နံနက် အစောပိုင်း တွင် ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့က ပြောသည်။ မြိတ်မြို့ဘက်သွားသည့် ဘုတ် လမ်းခွဲတွင်တည်ရှိသည့် ခလရ (၁၇) တပ်ရင်းကို KNDO တပ်ရင်း (၇)၊ တပ်ခွဲ(၂)နှင့် PDF ပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်သဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း KNU တပ်မဟာ (၄) […]


