တနင်္သာရီ၊ တကူရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲနေပြီး အမျိုးသမီးသုံးဦးဒဏ်ရာရ
Dawei Watch
January 13, 2025တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးနှစ်ကြိမ်ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီးသုံးဦး ဒဏ်ရာရသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယနေ့ (ဇန်နဝါရီ ၁၃) နံနက် ၈ နာရီခွဲဝန်းကျင်တွင် ဗုံးသီး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့သလို ၉ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် ဗုံးသီးသုံးလုံးဖြင့် နောက်တစ်ကြိမ်ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တကူရွာဒေသခံအချို့က ဆိုသည်။ ယင်းသို့ လေကြောင်းကဗုံးကြဲတိုက်ခိုက်ချိန်တွင် မြေပြင်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း ၎င်းတို့က ပြောသည်။ “ဂျက်ဖိုက်တာနဲ့ ကြဲသွားတာ။ ထိခိုက်သွားတဲ့သူတွေထဲ အမျိုးသမီးတစ်ဦးကတော့ ဒဏ်ရာတော်တော်လေး စိုးရိမ်ရတယ်။ အားလုံး နေအိမ်မှာနေရင်း ထိခိုက်သွားကြတာ” ဟု တကူကျေးရွာနေ ဒေသခံတစ်ဦကပြောသည်။ ကနဦးသတင်းအရ ရွာခံအမျိုးသမီးသုံးဦး ဒဏ်ရာရသွားပြီး နီးစပ်ရာဆေးကုခန်းများတွင် ဆေးကုသမှုခံယူနေရကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းအပြင် ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် တကူရွာရှိ နေအိမ် […]


