မွန်လွှတ်တော် နောက်ဆုံးအစည်အဝေး မကျင်းပဖြစ်တော့ဟုဆို
diz_admin
January 13, 2021၂၀၂၁ ခုနှစ် ဇန်နဝါရီလ တတိယ အပတ်တွင် ကျင်းပရန်လျာထားသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်၏ နောက်ဆုံးအကြိမ် ပုံမှန်အစည်းအဝေး မကျင်းပဖြစ်တော့ဟု မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောကြားသည်။ အချိန်မရှိတော့သည့်အတွက် မူလ ကျင်းပရန် လျာထားသည့် လွှတ်တော်အစည်းအဝေး ဖျက်လိုက်သည်ဟု ၎င်းက ပြောကြားသည်။ “တတိယအကြိမ် လွှတ်တော် လွှဲပြောင်းပေးဖို့ ဆောင်ရွက်နေရတာ အများကြီးရှိတယ်။ အချိန်လုနေရတယ်။ ဒီကြား လွှတ်တော်ခေါ်ဖို့လုပ်တယ်။ ဒါပေမဲ့ ပြန်သုံးသပ်ကြည့်တော့ အချိန်က မမီဘူး။ မမီမယ့်အတူတူ ဖျက်လိုက်တော့မယ်ဆိုပြီး စာထုတ်လိုက်တယ်” ဟု ဒေါ်တင်အိက ပြောသည်။ လွှတ်တော်အစည်းအဝေးကို လျာထားပြီး မကျင်းပဖြစ်သော်လည်း လွှတ်တော်လုပ်ငန်းများအပေါ် အကျိုးသက် ရောက်မှုမရှိကြောင်း လွှတ်တော်ဥက္ကဋ္ဌက ဆက်ပြောသည်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ် တော်အစည်းအဝေးကို ၂၀၁၆ ခုနှစ် […]


