မွန်ညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှူး ကွယ်လွန်
diz_admin
September 21, 2020မွန်ညီညွတ်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုးသည် လူကြီးရောဂါဖြင့် စက်တင်ဘာလ ၁၄ ရက်နေ့ညက မုဒုံမြို့နယ် ညောင်ကုန်းကျေးရွာရှိ ၎င်း၏နေအိမ်တွင် ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး ၎င်းသည် တက္ကသိုလ် ကျောင်းသားဘဝကတည်းမှ ကွယ်လွန်အချိန်ထိ မွန်အမျိုးသားအရေး၊ မွန်စာပေနှင့် ယဉ်ကျေးမှုအရေး၊ မွန်သမိုင်းသုတေ သနဆိုင်ရာအရေးတွေကို တစိုက်မတ်မတ် ကြိုးပမ်းလုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်သည်ဟု မွန်နိုင်ငံရေးခေါင်းဆောင်တို့ က ပြောသည်။ ဒေါက်တာမင်းနွယ်စိုးသည် မွန်အမျိုးသားဝတ်စုံ ဖော်ထုတ်ရေးနှင့် နွေရာသီမွန်စာပေသင်တန်း ပေါ်ပေါက်ရေးအတွက် ထဲထဲဝင်ဝင်ဦးဆောင် ကြိုးပမ်းခဲ့သူဖြစ်သည့်အပြင် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ မွန်အမျိုးနေ့ကျင်းပရေး ကော်မတီစသည့် အမျိုးသားရေးလှုပ်ရှားမှု အခန်းကဏ္ဍတွင် တစိုက်မတ်မတ် ပါဝင် လှုပ်လာခဲ့သူဖြစ်သည်။ ကိုဗစ်-၁၉ ကူးစက်မှုများလာသဖြင့် မွန်တွင် မဲဆွယ်မှုအချို့ ရပ်နား ၎င်းသည် ရန်ကုန် ဆေးတက္ကသိုလ်တွင် ဆေးပညာရပ်သင်ယူခဲ့ပြီး […]


