တိုင်းရင်းသားပါတီများနှင့်သာ မဟာမိတ်ဖွဲ့ထားဟု မွန်ပါတီဆို
diz_admin
October 17, 2020မွန်ညီညွတ်ရေးပါတီအနေနှင့် တိုင်းရင်းသားပါတီများကလွဲပြီး မည်သည့် ပါတီတို့နှင့်မှ မဟာမိတ်ဖွဲ့ထားခြင်းမရှိကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမက ပြောသည်။ မွန်ညီညွတ်ရေးပါတီ၏ မဲဆွယ် စည်းရုံးဟောပြောပွဲတစ်ခုတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်အချို့ တက်ရောက်နာထောင်းခဲ့ သည်နှင့်ပတ်သက်ပြီး ဝေဖန်တိုက်ခိုက် ပြောဆိုနေမှုအပါ် မွန်ညီညွတ်ရေးပါတီ က ယင်းကဲ့သို့ တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ “အခုလို မဲဆွယ်ကာလမှာ ကျွန်တော်တို့ ပါတီက မဲဆွယ်လှုပ်ရှားမှုတွေအား ကောင်းနေတဲ့အချိန်မှာ ပြိုင်ဘက်ပါတီ တချို့က ကျွန်တော်တို့ကို တိုက်ခိုက်လို တဲ့သဘောနဲ့ ဟိုပါတီနဲ့ ပေါင်းသလိုလို ဘယ်အဖွဲ့အစည်းနဲ့ ပေါင်းသလိုလို အဲသလို တိုက်ခိုက်ပြောနေတာကို ကျွန်တော်တို့ ရှုတ်ချပါတယ်” ဟု ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမက ပြောသည်။ ကိုဗစ်ကာလ ခက်ခဲနေသူများကို “လိုရင်ယူ ပိုရင်လှူ” အစီအစဉ်ဖြင့် ကူညီ မွန်ညီညွတ်ရေးပါတီသည် ကချင်၊ ကယား၊ […]


