မော်လမြိုင် ပုဂ္ဂလိကဘဏ်အချို့ ပြန်ဖွင့် ငွေထုတ်သူများပြား
diz_admin
April 6, 2021မော်လမြိုင်မြို့ပေါ်ရှိ ပုဂ္ဂလိက ဘဏ်အချို့တိုက ပြန်လည်ဖွင့်လှစ်နေပြီး ငွေလာထုတ်သူ များပြားသည်ဟု ငွေထုတ်သူအချို့တို့၏ ပြောပြချက်အရ သိရသည်။ ပုဂ္ဂလိက ဘဏ်အချို့ဖြစ်သည့် ကမ္ဘောဇ၊ ဧရာဝတီ၊ CB အစရှိသည့်ဘဏ်တို့က ဧပြီလဆန်းတွင် ပြန်လည်ဖွင့်လှစ်နေပြီး အလှည့်ကျစနစ်ဖြင့် ငွေထုတ်ပေးနေသည်ဟု ငွေထုတ်သူတို့က ပြောသည်။ ငွေလာထုတ်သူ များပြားနေသည့်အတွက် ဘဏ်ရှေ့တွင် အချိန်အတော်ကြာ တန်းစီ စောင့်ဆိုင်းခဲ့ရသည်ဟု ဧပြီလ ၆ ရက်နေ့က ကမ္ဘောဇဘဏ်ခွဲတွင် ငွေထုတ်ခဲ့သူ မိဖြူဇင်က ပြောသည်။ “ညီမဆို နှစ်နာရီလောက်စောင့်လိုက်ရတယ်” ဟု မိဖြူဇင်က ပြောသည်။ ပုဂ္ဂလိကဘဏ်ဝန်ထမ်းအများစုက အာဏာသိမ်း ဆန့်ကျင်ရေး CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်လာကြပြီး အလုပ်မဆင်းကြသည့်အတွက် မော်လမြိုင်မြို့ပေါ်က ပုဂ္ဂလိကဘဏ်အများစုသည် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစပြီး ပိတ်ထားခဲ့သည်။ ပုဂ္ဂလိဘဏ်အများစု ပိတ်ထားသည့်အတွက် ဘဏ်နှင့် […]


