မွန်တွင် ကိုဗစ် အတည်ပြုလူနာ ၁၇ ဦးအထိတိုးလာ
diz_admin
June 13, 2021မွန်ပြည်နယ်အတွင်း ဆေးကုသမှုခံယူနေရသည် ကိုဗစ်အတည်ပြုလူနာ ၁၇ ဦးအထိတိုးလာကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ပြည်နယ်အတွင်း မေလခန့်မှစကာ ကိုဗစ်ရောဂါအတည်ပြုလူနာများ ပြန်လည်တွေ့ရှိလာခြင်းဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့အထိစာရင်းများအရ ဆေးကုသမှုခံယူနေရသည် အတည်ပြုလူနာ ၁၇ ဦးရှိပြီး အသက် ၆၉ နှစ်အရွယ်အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ ကိုဗစ်အတည်ပြုလူနာများသည် ပြည်ပမှ ပြန်ဝင်လာသူများရှိသလို ခရီးသွားရာဇဝင်မရှိ၊ ပိုးတွေ့လူနာနှင့်ထိတွေ့မှုမရှိဘဲ အနံ့ပျောက်လက္ခဏာပြရာမှ တစ်ဆင့် ပိုးတွေ့ရှိသူများလည်း ရှိသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာနန္ဒဝင်းက ပြောသည်။ “အိမ်နီးချင်းနိုင်ငံတွေမှာ ကိုဗစ်တတိယလှိုင်းအသွင်နဲ့ ဖြစ်လာတာရှိတော့ တို့မှာလည်း ကြိုကြားကြိုကြားလို နိုင်ငံခြားက အပြန်ဝင်လာတဲ့ ပြည်တော်ပြန်တွေထဲမှာ တွေ့သလို တချို့ အနံ့ပျောက်လူနာလေးတွေလည်း ရှိလာတဲ့အတွက်ကြောင့် ကိုဗစ်ကတော့ ပေါ့လို့မရတဲ့အနေအထားပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ ပြည်နယ်အတွင်းရှိ ကိုဗစ်အတည်ပြုလူနာများကို […]


