မွန်တွင် ကိုဗစ် အတည်ပြုလူနာ ၃၀၀ ကျော်အထိတိုး
diz_admin
June 28, 2021မွန်ပြည်နယ်အတွင်း ဆေးကုသမှုခံယူနေရသည် ကိုဗစ်အတည်ပြုလူနာ ၃၀၀ ကျော်အထိတိုးလာသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့ထံမှ သိရသည်။ ဇွန်လဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ကူးစက်လူနာ ဆက်တိုက်မြင့်တက်လာခဲ့သည့် မွန်ပြည်နယ်တွင် ဇွန်လ ၂၇ ရက်နေ့အထိ ဆေးကုသမှုခံယူနေရသည့် ကိုဗစ်အတည်ပြုလူနာ ၃၀၀ ကျော်အထိရှိပြီး အတည်ပြုလူနာ ၆ ဦး သေဆုံးသွားခဲ့သည်။ အတည်ပြုလူနာ အများဆုံးတွေ့ရှိသည့် မြို့နယ်မှာ မော်လမြိုင်နှင့် သံဖြူဇရပ်ဖြစ်ပြီး အတည်ပြုလူနာ တစ်မြို့နယ်လျှင် အတည်ပြုလူနာ ၁၀၀ ကျော်အထိရှိနေသည်။ “အခြေအနေကတော့ တစ်ယောက် Positive ဖြစ်တာနဲ့ သူနဲ့ ထိတွေ့သူတွေ အများစုကလည်း Positive ပြန်ထွက်နေတယ်၊ ကူးစက်တာမြန်တယ်၊ ကူးစက်မှုနှုန်းကလည်း မြင့်လာတယ်” ဟု မြို့နယ်တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောသည်။ ကိုဗစ်အတည်ပြုလူနာများကို ဆေးကုသပေးနေသည့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီး Isolative Warb-3 နှင့် […]


