မွန်တွင် တစ်ရက်အတွင်း ကိုဗစ်လူနာ ၃၂ ဦး သေဆုံး
diz_admin
July 23, 2021ကိုဗစ်ကူးစက်မှုနှုန်းများနေသည့် မွန်ပြည်နယ်တွင် ဇူလိုင်လ ၂၀ ရက်နေ့ တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၃၂ ဦး သေဆုံးသွားကြောင်း ကိုဗစ်အရေး ကူညီဆောင်ရွက်ပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ သေဆုံးသူ ၃၂ ဦးတွင် မော်လမြိုင်ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသ ခံယူနေသည့် အတည်ပြုလူနာ ၂၇ ဦးနှင့် နေအိမ်တွင် သေဆုံးသည့် သံသယလူနာ ၅ ဦးတို့ဖြစ်သည်ဟု သိရသည်။ မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ကူးစက်မှု ဆက်တိုက်မြင့်တက်လာခဲ့ပြီးနောက် အတည်ပြုလူနာ သေဆုံးမှုလည်း ဆက်တိုက်မြင့်တက်လာခဲ့ကြောင်း ကိုဗစ်အရေး ကူညီဆောင်ရွက်ပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။ “လူနာသေဆုံးမှုကတော့ နေ့တိုင်းတိုးလာနေတယ်၊ ကိုဗစ်သံသယနဲ့ သေတဲ့လူတွေလည်း နေ့တိုင်းရှိတယ်” ဟု ကိုဗစ်နှင့် ပတ်သက်ပြီး ကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် မွန်ပြည်နယ် ၁၀ […]


