မွန်တွင် ကိုဗစ်ကူးစက်မှု ပြန်များလာ
diz_admin
November 23, 2020မွန်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့်လူနာ ပြန်များလာကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနထံမှ သိရ သည်။ ပြည်နယ်အတွင်း အထူးသဖြင့် သထုံမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ပိုးတွေ့လူနာအရေအတွက် သိသိသာသာ မြင့်တက်လာကြောင်း ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ လက်ရှိတွင် သထုံမြို့နယ်အတွင်း ကိုဗစ်ကူးစက်ခံထားရသူ ၁၈၀ ကျော်ရှိနေပြီး လူနာနှင့် ထိတွေ့ထားသူ ၄၀ဝ ကျော်ရှိသည်ဟု သထုံမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းဦးက ပြောသည်။ “နိုဝင်ဘာလ ဒုတိယအပတ် လောက်ကနေစပြီးတော့ ရောဂါကူးစက်မှုတွေက ဆက်တိုက်တွေ့ရှိလာတာဖြစ်တယ်။ အနံ့မရသူတွေက များတယ်” ဟု ၎င်းက ပြောသည်။ ကိုဗစ်ရောဂါထိန်းချုပ်နိုင်ရေးအတွက် အနံ့မရသူများ၊ ရောဂါလက္ခဏာ ပြသူများအနေနှင့် နီးစပ်ရာ ကျန်းမာရေးဌာနကို အကြောင်းကြားကြရန် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားသည်။ […]


