ပေါင် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ နေအိမ် ဗုံးပေါက်
diz_admin
October 28, 2021မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးကျော်လင်းဦး၏ နေအိမ်တွင် ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၄ နာရီ ဝန်းကျင်ခန့်က ဦးကျော်လင်းဦးနေအိမ်သို့ အမည်မသိ လူ နှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး နေအိမ်အတွင်း ဗုံးပစ်သွင်းခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဗုံးပေါက်ကွဲမှုကြောင့် ဦးကျော်လင်းဦးအပါအဝင် လူထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း ဦးကျော်လင်းဦး၏နေအိမ်အဆောက်အအုံ အချို့ ထိခိုက်ပျက်စီးမှုရှိသည်ဟု သိရသည်။ “မနက်က ဖြစ်သွားတဲ့ ဗုံးပေါက်ကွဲမှုက လူထိခိုက်တာ မရှိဘူးလို့ သိရတယ်၊ အခုတလော ကျွန်တော်တို့ ပေါင်မှာ ဗုံးပေါက်တဲ့ဖြစ်စဉ်တွေကတော့ နေ့တိုင်းလိုလိုဖြစ်ပွားနေတယ်” ဟု ပေါင်မြို့ခံတစ်ဦးက ပြောသည်။ ဦးကျော်လင်းဦးသည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတုန်းက ပေါင်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁) တွင် […]


