မော်လမြိုင်တွင် မူးယစ်ဆေး ၆ သိန်းကျော် ဖမ်းမိ
diz_admin
February 4, 2021မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်တွင် ဇန်နဝါရီ ၂၃ ရက်က မူးယစ်ဆေး ၆ သိန်းကျော် ဖမ်းဆီးရမိကြောင်း မော်လမြိုင်မြို့မရဲစခန်းထံမှ သိရသည်။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် တာဝန် ရှိသူများသည် မူးယစ်ဆေးဝါးသတင်းအရ မော်လမြိုင်မြို့ စစ်ကဲကုန်းရပ်ကွက် ကမ်းနားလမ်းနှင့် မြို့မတံတားလမ်းထောင့်ရှိ ကားပွဲစားတန်းအနီးတွင် စောင့်ဆိုင်းနေကြစဉ် TOYOTA HILUX SURF အပြာရောင်ယာဉ်နှင့် TOYOTA HILUX VIGO မီးခိုးရောင်ယာဉ်နှစ်စီးဖြင့် တစ်ဖွဲ့တည်းလာသူတို့အား ရပ်တန့်စစ်ဆေးခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့ ရပ်တန့်စစ်ဆေးရာတွင် ယာဉ်ပေါ်တွင် WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၆၀၄၅၀ဝ ကျော် အလေးချိန် ၆၀၄၅၀ ဂရမ်ခန့်ကို တွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရသိရသည်။ “ဖမ်းမိတဲ့ ဆေးပြားက အားလုံး […]


