မွန်တွင် ကိုဗစ်လူနာအသစ်များ ပြန်တွေ့
diz_admin
December 16, 2021မွန်ပြည်နယ်တွင် ဒီဇင်ဘာလဆန်းပိုင်းကစပြီး ကိုဗစ်ပိုးတွေ့လူနာအသစ်များ ပြန်လည်တွေ့ရှိလာကြောင်း မြို့နယ်ကျန်းမာရေး တာဝန်ရှိသူအချို့နှင့် ကိုဗစ်အရေးကူညီပေးနေသူများထံမှ သိရသည်။ မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းမှစပြီး ကိုဗစ်ကူးစက် သေဆုံးမှုနှုန်းမြင့်တက်လာခဲ့ရာမှ ဩဂုတ်လလယ်ခန့်မှစကာ ကိုဗစ်ကူးစက် သေဆုံးမှုနှုန်း သိသိသာသာ စတင်လျော့ကျလာခဲ့သည်။ ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု လျော့နည်းကျဆင်းလာခဲ့ရာမှ ဒီဇင်ဘာလဆန်းပိုင်းမှစကာ မြို့နယ် အချို့တို့တွင် ကိုဗစ်ကူးစက်လူနာအသစ်များ ဆက်တိုက် ပြန်လည်တွေ့ရှိလာခြင်းဖြစ်သည်။ “ကိုဗစ်ကတော့ ပေါ့ဆလို့မရဘူး။ အခုဆို မြို့နယ်တချို့တွေမှာ ပိုးတွေ့လူနာအသစ်တွေ ပြန်တွေ့နေတော့ သတိရှိကြပါ။ mask တပ်ပြီးမှ သွားလာကြပါ” ဟု မြို့နယ်တာဝန်ကျဆရာဝန်တစ်ဦးက ပြောသည်။ လက်ရှိတွင် မွန်ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ ဆက်တိုက် ပြန်လည်တွေ့ရှိလာသဖြင့် မပေါ့ဆ ကြရန်၊ ကျန်းမာရေးအသိရှိကြရန်၊ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များအတိုင်းလိုက်နာ နေထိုင်ကြရန် ကျန်းမာရေးတာဝန်ရှိသူတို့က ပြောသည်။ ပြည်နယ်အတွင်း ကိုဗစ်ပိုးတွေ့လူနာအသစ်များ ပြန်လည်တွေ့ရှိနေခြင်းမှာ ကိုဗစ်မျိုးကွဲသစ် […]


