မွန်တွင် ကိုဗစ်ကူးစက်မှု ဆက်တိုက်တွေ့၊ ၁၄ ရက်အတွင်း ပိုးတွေ့သူ လေးရာကျော်ပြီ
diz_admin
February 15, 2022မွန်ပြည်နယ်တွင် ယခုလအတွင်း ကိုဗစ်ကူးစက်မှုများ ဆက်တိုက် တွေ့လာပြီး ဖေဖော်ဝါရီလအတွင်း ပိုးတွေ့ရှိသူ လေးရာကျော်သွားပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာန တာဝန်ရှိသူအချို့နှင့် ကိုဗစ်အရေး ကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့ထံမှ သိရသည်။ မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လလယ်ခန့်မှစတင်ကာ ကိုဗစ်ကူးစက်မှုနှုန်း သိသိသာသာ လျော့ကျလာခဲ့ရာမှ ဒီဇင်ဘာလဆန်းပိုင်းတွင် ကိုဗစ်ပိုးတွေ့လူနာများ ပြန်လည်တွေ့ရှိလာသည်။ ဖေဖော်ဝါရီလတွင်မူ ပိုးတွေ့လူနာ ဆက်တိုက်တွေ့ရှိလာခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် အခြေခံပညာစာသင်ကျောင်းများတွင် ကိုဗစ်ကူးစက်ခံရမှု အစုလိုက်အပြုံလိုက် တွေ့ရှိနေပြီး ရပ်ကွက်အတွင်း၌လည်း ကိုဗစ်ရောဂါကူးစက်မှု ဆက်တိုက်တွေ့ရှိလာကြောင်း လူမှုကယ်ဆယ်ရေး အဖွဲ့တို့ထံမှ သိရသည်။ “ဒီတလောမှာ ပိုးတွေ့လူနာတွေ ပြန်များလာတာ တွေ့ရတယ်။ ကျောင်းတွေမှာလည်း ကိုဗစ် ကူးစက်ခံရမှုက အစုလိုက်ကို တွေ့ရှိနေတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခု၏ တာဝန်ရှိသူက ပြောသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ […]


