မွန်တွင် ကိုဗစ်လူနာနှစ်ဦး ယနေ့သေဆုံး၊ မတ်လအတွင်း သေဆုံးသူ ၃၀ ရှိလာပြီ
diz_admin
March 14, 2022မွန်ပြည်နယ် မော်လမြိုင်ဆေးရုံကြီးတွင် ဆေးကုမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာများအနက် ယနေ့ (မတ် ၁၄) နှစ်ဦး ထပ်မံသေဆုံးသဖြင့် မတ်လအတွင်း ကိုဗစ်ဖြင့်သေဆုံးသူ ၃၀ အထိရှိလာပြီဖြစ်ကြောင်း ကိုဗစ်အရေးကူညီဆောင်ရွက်နေသည့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များထံမှ သိရသည်။ ယနေ့ သေဆုံးသည့် လူနာနှစ်ဦးမှာ အမျိုးသမီးများဖြစ်ပြီး အသက် ၆၀ ကျော်နှင့် ၈၀ ကျော်အရွယ်များ ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ၎င်းတို့မှာ မော်လမြိုင်နှင့် ကော့ကရိတ်တို့မှ ဖြစ်ကြောင်း အဆိုပါလူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များထံမှ သိရသည်။ ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်အတွင်း၌ မတ်လ ၁ ရက်နေ့မှ ၁၃ ရက်အထိ ကိုဗစ်အတည်ပြုလူနာ ၈၀၀ နီးပါး တွေ့ရှိထားကြောင်း သိရသည်။ မွန်ပြည်နယ်တွင် ဒီဇင်ဘာလဆန်းပိုင်းခန့်မှစကာ ကိုဗစ်ပိုးတွေ့လူနာ ပြန်လည်တွေ့ရှိခဲ့လာပြီး ဖေဖော်ဝါရီလနှင့် မတ်လမှာ ကိုဗစ်ပိုးတွေ့လူနာ တွေ့ရှိမှု […]


