ဒေါက်တာအေးဇံ၏ ဇနီးနှင့်သား ဖမ်းဆီးခံရ
diz_admin
January 4, 2022မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာအေးဇံ၏ ဇနီးနှင့် သား ဖြစ်သူအား စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ ဒေါက်တာအေးဇံ၏ ဇနီး ဒေါ်ခင်အေးမူနှင့် သားဖြစ်သူ နေဖြိုးဇံ၊ အလုပ်သမားတစ်ဦးတို့ကို ကျိုက်ထိုမြို့ သိမ်ဇရပ်အပိုင် သုံးခွကျေးရွာရှိ ၎င်းတို့၏ နေအိမ်တွင် ရှိနေစဉ် ဇန်နဝါရီလ ၃ ရက်နေ့ညပိုင်းက ဖမ်းဆီခံခဲ့ရခြင်းဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။ “လက်ရှိ သူတို့ကို ဘယ်မှာ ဘယ်လို ထိန်းသိမ်းထားလဲတော့ မသိသေးဘူး။ အသေးစိတ်တော့ ဘာမှ မသိသေးဘူး” ဟု နီးစပ်သူတစ်ဦးက ပြောသည်။ ပတ်ဝန်းကျင်နေသူတို့၏ ပြောပြချက်အရ ဒေါက်တာအေးဇံ၏ ဇနီးနှင့် သားကို ဝင်ဖမ်းစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က သေနတ်ပစ်ဖောက်မှုပါ လုပ်ခဲ့ကြောင်း သိရသည်။ လူထိခိုက်မှု ရှိ မရှိကိုမူ မသိရသေးကြောင်း ၎င်းတို့က […]


