သံဖြူဇရပ်တွင် ဘုန်းကြီးမောင်းလာသည့်ကား ဝင်တိုက်၍ ကျောင်းသူတစ်ဦးသေဆုံး
diz_admin
December 2, 2021မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် သံဖြူဇရပ်-ရေးလမ်းမကြီး ကလိန်ပဒေါကျေးရွာ စာသင်ကျောင်းရှေ့တွင် ဘုန်းကြီးတစ်ပါး မောင်းနှင်လာသည့်ကား ဝင်တိုက်မိသဖြင့် ကျောင်းသူတစ်ဦး သေဆုံးသွားကြောင်း လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များထံမှ သိရသည်။ ယနေ့ (ဒီဇင်ဘာ ၂) မွန်းလွဲ ၁ နာရီခန့်က အဆိုပါနေရာတွင် ဘုန်းကြီးတစ်ပါး မောင်းနှင်လာသည့် ကားမှာ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောတွင် စက်ဘီးစီးနှင်လာသည့် ကျောင်းသူကို ဝင်တိုက်မိခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် စက်ဘီးစီးလာသည့် အသက် ၁၂ နှစ်အရွယ် ကျောင်းသူသည် ဦးခေါင်း ကွဲကြေဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီးသေဆုံးသွားသည်ဟု နာရေးကူညီမှုအသင်းတို့ထံမှ သိရသည်။ “ကားက အရှိန်မထိန်းနိုင်လို့ စက်ဘီးစီးလာတဲ့ ကျောင်းသူကို ဝင်တိုက်သွားတာ။ ကျောင်းသူကတော့ ပွဲချင်းပြီး သေဆုံးသွားတယ်” ဟု စေတနာရှင်နာရေးကူညီမှုအသင်းဝင်တစ်ဦးက ပြောသည်။ နိုဝင်ဘာလ ၁၄ […]


