မော်လမြိုင်တွင် ရဲဟောင်းတစ်ဦး ပစ်သတ်ခံရ
diz_admin
November 8, 2021မွန်ပြည်နယ် မော်လမြိုင်မြို့ မောင်ငံရပ်ကွက်တွင် ယနေ့နံနက်ပိုင်းအချိန်ခန့်က ရဲဝန်ထမ်းဟောင်းတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။ ရဲဝန်ထမ်းဟောင်းတစ်ဦးဖြစ်သူ ဦးသိန်းထွန်းဦးကို နိုဝင်ဘာ ၈ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က မောင်ငံရပ်ကွက် ရွှေဗျိုးဖြူဘုရားအနီးတွင် သေနတ်သမားနှစ်ဦးက လာရောက် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးသိန်းထွန်းဦးသည် သေနတ်ဒဏ်ရာ ၃ ချက်ဖြင့် အခင်းဖြစ်ပွားရာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။ “သေနတ်ပစ်ခံရတဲ့လူက ရဲထွက်လို့ သိရတယ်၊ အပစ်ခံရတဲ့နေရာမှာပဲ လဲကျ သေသွားတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။ ဦးသိန်းထွန်းဦးကို ၎င်းတို့ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦးနှင့် မိတ်ဖက်အဖွဲ့အစည်းတို့က ထုတ်ပြန်ထားသည်။ ရဲဝန်ထမ်းဟောင်း ဦးသိန်းထွန်းဦးသည် PDF များကို ခြိမ်းခြောက်တာ […]


