ဘဏ္ဍာရေးစည်းမျဉ်း လုပ်ထုံးလုပ်နည်းနှင့် မညီသည့်အပေါ် အရေးယူမှုမရှိဟုဆို
diz_admin
September 5, 2020ပြည်သူ့ဘဏ္ဍာရန်ပုံငွေများကို သုံးစွဲရာတွင် ဌာနဆိုင်ရာအချို့မှာ ဘဏ္ဍာရေး စည်းမျဉ်း လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိသော်လည်း အစိုးရက အရေးယူဆောင်ရွက်မှုမရှိဟု မွန်ပြည် နယ်စာရင်းစစ်ချုပ်၏ အစီရင်ခံစာအရ သိရသည်။ မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်း စစ်ဆေးတွေ့ရှိချက်နှင့် ဝန်ကြီးဌာန အချို့တို့၏ ထူးခြားသော စစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို လက်ရှိကျင်းပလျက်ရှိသည့် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့ပြီး အစီရင်ခံစာတွင် ထိုကဲ့သို့ ပါရှိခြင်းဖြစ်သည်။ မွန်တွင် မသန်စွမ်း သောင်းနှင့်ချီ မဲပေးခွင့် ဆုံးရှုံးဖွယ်ရှိ ဘဏ္ဍာငွေများကို သုံးစွဲရာတွင် ဘဏ္ဍာရေး စည်းမျဉ်း လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုမရှိခဲ့သည့် ဌာနဆိုင်ရာ ကိုးခုကို အရေးယူမှုများဆောင်ရွက်ပေး နိုင်ရန် အကြောင်းကြားစာ ၂၁ စောင် ပေးပို့ခဲ့သည်ဟု အစီရင်ခံစာတွင် ပါရှိသည်။ အကြောင်းကြားစာများနှင့် ပတ်သက်ပြီး အချို့ဆိုလျှင် […]


