ကိုဗစ်ကူးစက်မှု လူထုအကြား ပျံ့နှံ့နေပြီဟုဆို
diz_admin
December 26, 2020မွန်ပြည်နယ်လူထုအကြားတွင် ကိုဗစ်ကူးစက်မှု ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပြီနေဟု ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက ပြောသည်။ ယခင်က ကိုဗစ်အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူ၊ ခရီးသွားရာဇဝင်ရှိသူတို့ တွင် ပိုးတွေ့ရှိလေ့ရှိသော်လည်း ယခု နောက်ပိုင်းတွင် အတည်ပြုလူနာနှင့် ထိတွေ့မှုမရှိသည့်အပြင် ခရီးသွား ရာဇဝင်လည်း မရှိဘဲ အနံ့မရသည့် လက္ခဏာပြရာမှတစ်ဆင့် ပိုးတွေ့ရှိလာသည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာ ရေးဌာန ဒု-ပြည်နယ်မှူး ဒေါက်တာဝတ်မှုံ က ပြောသည်။ “အရင်တုန်းကဆိုရင် ဆက်စပ်ထိ တွေ့ခဲ့သူတွေရှိမှ ပိုးတွေ့တာပေါ့။ ဒီ နောက်ပိုင်း လူထုထဲမှာ ကူးစက်ပျံ့နှံ့မှုပေါ့။ ဒေသတွင်း ကူးစက်မှုရှိနေတာပေါ့” ဟု ၎င်းက ပြောသည်။ လက်ရှိတွင် ပြည်နယ်အတွင်း အနံ့မရလက္ခဏာပြသူများလာပြီး အနံ့မရသူ ၁၀ ဦးကို စစ်ဆေးလိုက်လျှင်လည်း ကိုးဦးတွင် ပိုးတွေ့ရှိသည်ဟုလည်း ဒေါက်တာဝတ်မှုံက […]


