အတ္ထရံမြစ်ရေ သန့်စင်စီမံကိန်း ပြီးပါက မြို့ပေါ်ရပ်ကွက် ၈၀ ရာခိုင်နှုန်းထိ ရေသန့်ရမည်
diz_admin
July 6, 2020အတ္ထရံမြစ်ရေသန့်စင်စီမံကိန်း ပြီးစီးသွားပါက မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက် ၈၀ ရာခိုင်နှုန်းခန့်ထိ ရေသန့်ဖြန့်ဝေပေးနိုင်မည်ဟု မွန်ပြည်နယ်အစိုးရ အဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ် ရေးဝန်ကြီးက ပြောသည်။ မြို့ပေါ်ရပ်ကွက် ရေရှားပါးမှု မဖြစ်ပေါ်စေရေးနှင့် သန့်ရှင်းသောရေ အသုံးပြုနိုင်ရေးအတွက် အတ္ထရံမြစ်ရေ သန့်စင်သည့် စီမံကိန်းကို ၂၀၁၉ ခုနှစ် အောက်တိုဘာလမှစကာ ဆောင်ရွက်ခဲ့ သည်။ စီမံကိန်းစတင်စဉ်က မြို့ပေါ် ၁၄ ရပ်ကွက်အတွက် ရေဂါလံ ၄ သန်း အထိသာ ထုတ်ရန် စီစဉ်ခဲ့သော်လည်း မြို့ပေါ် ရေလိုအပ်ချက်အရ ရပ်ကွက် ၁၆ ရပ်ကွက်အတွက် ရေဂါလံ ၆ သန်းထိ တိုးထုတ်ရန် ဆောင်ရွက်နေသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာ ရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။ “အစတုန်းက ဆွဲထားတဲ့စီမံကိန်းက ၁၄ […]


