ဘီးလင်းမြစ်ပျက်စီးမှု အချိန်မီ ထိန်းသိမ်းပေးရန် တောင်းဆို
diz_admin
June 1, 2020မွန်ပြည်နယ် ဘီးလင်းမြို့ရှိ ဘီးလင်းမြစ်ပျက်စီးနေမှုကို အချိန်မီထိန်းသိမ်းပေးရန် မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ကြည့်ရေးကော်မတီက တောင်းဆိုလိုက်သည်။ မေလ ၂၈ ရက်နေ့က ကျင်းပသည့်ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော် သဘာဝထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီမှ ဘီးလင်းမြစ် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကြောင့် ဒေသခံ ပြည်သူများ လူမှု၊ စီးပွားထိခိုက်ပျက် စီးဆုံးရှုံးမှုအခြေအနေနှင့် ပတ်သက်သည့် အစီရင်ခံစာတင်သွင်းချိန်တွင် ထိုကဲ့သို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ ဘီးလင်းမြစ်အထက်ပိုင်းရှိ ရွှေတူးဖော်လုပ်ကွက်များကြောင့် ယခုအခါ မြစ်သည် အဆိပ်သင့်ခဲ့ပြီး မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာအုပ်စု ၂၂ ခုမှ လူဦးရေ ခြောက်သောင်းကျော်တို့၏ လူမှုစီးပွားနှင့် တိရစ္ဆာန်များအတွက်များစွာ ထိခိုက်ပျက်စီးဆုံးရှုံးစေခဲ့သည်ဟု အထက်ပါ ကော်မတီဥက္ကဋ္ဌ (ဘီလင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) ဒေါက်တာခင်နိုင်ဦးက ပြောသည်။ “ဘီးလင်းမြစ် အထက်ပိုင်းမှာရှိတဲ့ ရွှေသတ္တုတူးဖော်လုပ်ကွက်တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် […]


