ယူကရိန်းနှင့် ရုရှားအကြား အကြီးမားဆုံး အကျဉ်းသားလဲလှယ်မှု လုပ်ဆောင်
Dawei Watch
March 20, 2025ရုရှားနှင့်ယူကရိန်း နှစ်နိုင်ငံအကြား နှစ်ဘက်စလုံးမှ အကျဉ်းသား ၁၇၅ ဦးစီ ဗုဒ္ဓဟူးနေ့က အပြန်အလှန် လဲလှယ်ခဲ့ကြသည်။ စုစုပေါင်းအကျဉ်းသား ၃၅၀ လဲလှယ်မှုသည် ရုရှား၏ ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း အကြီးမားဆုံး အကျဉ်းသားလဲလှယ်မှု ဖြစ်သည်။ “တပ်သားတွေ ၊ တပ်ကြပ်တွေနဲ့ အရာရှိတွေ ၊ လက်နက်ကိုင်တပ် ၊ ရေတပ် ၊ အမျိုးသားလုံခြုံရေးတပ် ၊ နယ်မြေကာကွယ်ရေးတပ်နဲ့ နယ်စပ်လုံခြုံရေးတပ်စတဲ့ စစ်တပ်ရဲ့ ရာထူးအဆင့်ဆင့်မှာ ကျွန်တော်တို့ရဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ စစ်သည်တွေကို ကျွန်တော်တို့ ပြန်ခေါ်လာနေပါတယ်” ဟု ယူကရိန်းသမ္မတဗလော်ဒီမာဇလန်းစကီးက ဆိုသည်။ အဖမ်းခံခဲ့ရသည့် အရပ်သားများအပါအဝင် စစ်သုံ့ပန်းများ အပြန်အလှန် လဲလှယ်မှုက ငြိမ်းချမ်းရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ခု ဖြစ်ကြောင်း ၊ ယင်းသည် နှစ်နိုင်ငံအကြား ယုံကြည်မှုတည်ဆောက်ရာတွင် […]


