အီရန်အဏုမြူလက်နက်ကိစ္စ သုံးနိုင်ငံ အစည်းအဝေး ကျင်းပမည်
Dawei Watch
March 13, 2025အီရန် အဏုမြူလက်နက်အရေး ဆွေးနွေးပွဲတစ်ခုကို တရုတ်နိုင်ငံ ဘေဂျင်းမြို့၌ သောကြာနေ့တွင် ကျင်းပသွားမည် ဖြစ်ပြီး တရုတ်၊ ရုရှားနှင့် အီရန်တို့ ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ တရုတ်နိုင်ငံခြားရေး ဒုတိယဝန်ကြီး မာဂျောင်းရှူက သဘာပတိအဖြစ် ဦးဆောင်မည့် ယင်းဆွေးနွေးပွဲကို အီရန်နှင့် ရုရှား နိုင်ငံခြားရေးဒုတိယဝန်ကြီးတို့ တက်ရောက်ဆွေးနွေးကြမည်ဟု သိရသည်။ ၂၀၂၂ ခုနှစ် ရုရှား-ယူကရိန်းစစ် စတင်ဖြစ်ပွားပြီးကတည်းက အီရန်နှင့် ရုရှားအကြား နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနက်ရှိုင်းလာခဲ့ပြီး ယခုနှစ် ဇန်နဝါရီလကပင် မဟာဗျူဟာမြောက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးခဲ့သည်။ ယင်းနှစ်နိုင်ငံစလုံးသည် တရုတ်အစိုးရနှင့် ဆက်ဆံရေးကောင်းမွန်လျက် ရှိသည်။ ဘေဂျင်းဆွေးနွေးပွဲပြုလုပ်မည့် သောကြာနေ့မှာပင် အီရန်၏ အဏုမြူလက်နက်တိုးချဲ့မှုကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးတစ်ခုကို အမေရိကန်နိုင်ငံ ၊ နယူးယောက်မြို့၌ ပြုလုပ်သွားမည် […]


