တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ
Dawei Watch
September 7, 2024ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာ ၆ ရက်နေ့အထိ ပိုလန်တွင် ဒုတိယကမ္ဘာစစ် စတင်ခဲ့သော ၈၅ နှစ်မြောက် အမှတ်တရနေ့ ကျင်းပ ပိုလန်နိုင်ငံမှာ ၈၅ နှစ်မြောက် ဒုတိယကမ္ဘာစစ် စတင်ကျူးကျော်ခံရတဲ့ အမှတ်တရနေ့အနေနဲ့ စက်တင်ဘာ ၁ ရက်နေ့က အခမ်းအနားပြုလုပ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မှာ လူသန်းပေါင်း ၅၀ ကျော် သေဆုံးခဲ့ရတဲ့အထဲ ပိုလန်လူမျိုး ၆ သန်းကျော်ပါဝင်ခဲ့တာပါ။ မီးလောင်တိုက်သွင်းပြီး အသတ်ဖြတ်ခံရတဲ့ ဂျူး ၆ သန်းတွေရဲ့ တစ်ဝက်က ပိုလန်နိုင်ငံသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အခမ်းအနားမှာ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တာ့စ်က ဒုတိယကမ္ဘာစစ်ရဲ့ သင်ခန်းစာတွေဟာ စိတ်ကူးယဥ်စရာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ […]


