ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

နှစ်ထပ်ကွမ်း ဂရင်းနစ်စံချိန်ရှင် အချိန်အကြာဆုံး နမ်းနိုင်သော ထိုင်းစုံတွဲကွာရှင်း

Dawei Watch

March 6, 2025

ကမ္ဘာ့ဂရင်းနစ်စံချိန်တင် အချိန်အကြာဆုံး နမ်းနိုင်ကြသူများဖြစ်သော ထိုင်းစုံတွဲသည် နှစ်ဦးသား ကွာရှင်းလိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ၎င်းတို့နှစ်ဦးသည် ကမ္ဘာပေါ်တွင် အချိန်အကြာဆုံး နမ်းနိုင်သူများအဖြစ် ဆယ်စုနစ်တစ်ခုကြာအောင် စံချိန်တင်ထားသူများဖြစ်သည်။ အေကချိုင်နှင့်လက်စနတို့နှစ်ဦးသည် လွန်ခဲ့သော ၂၀၁၃ ခုနှစ်က ပတ္တယားတွင် ကျင်းပခဲ့သော မာရသွန်အနမ်းပွဲတွင် နှုတ်ခမ်းချင်း ၅၈ နာရီ ၃၅ မိနစ်ကြာအောင် နမ်းနိုင်ခဲ့ပြီး ကမ္ဘာ့ဂရင်းနစ်စံချိန်ကို ထပ်မံတင်ထားနိုင်သူများဖြစ်သည်။ ၂၀၁၁ ခုနှစ်က အချိန် ၄၆ နာရီ ၂၄ မိနစ်ကြာအောင် နမ်းနိုင်သော ၎င်းတို့၏ စံချိန်ကိုပင် ထပ်မံချိုးဖျက်ထားခြင်းဖြစ်သည်။ သို့သော်လည်း လက်ရှိအချိန်တွင် ၎င်းတို့နှစ်ဦးသား ကွာရှင်းလိုက်ပြီဖြစ်ကြောင်း အေကချိုင်က ပြီးခဲ့သောဖေဖော်ဝါရီလက အတည်ပြုလိုက်သည်။ ၎င်းတို့နှစ်ဦးသည် အချိန်ကြာကြာ အတူတူဖြုန်းခဲ့ကြပြီး ဘဝတွင် တစ်ကြိမ်သာရရှိခဲ့သော အတွေ့အကြုံအတွက် ဂုဏ်ယူမိကြောင်း အေကချိုင်က […]

အဏုမြူလက်နက်ဖြင့် ဥရောပတိုက်ကို ရုရှားရန်မှကာကွယ်နိုင်ရေး ပြင်သစ်ကြိုးပမ်း

Dawei Watch

March 6, 2025

ပြင်သစ်ပိုင် အဏုမြူလက်နက်များ အသုံးပြုကာ ဥရောပတိုက်ကို ရုရှားရန်မှ ကာကွယ်ရေးအတွက် ဖြစ်နိုင်ခြေကို ဥရောပမဟာမိတ်နိုင်ငံများနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သည်။ ဥရောပသမဂ္ဂ(EU) အဖွဲ့ဝင်နိုင်ငံများတွင် ပြင်သစ်နိုင်ငံတစ်ခုတည်းကသာ အဏုမြူလက်နက် ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ ဥရောပလုံခြုံရေးအတွက် အမေရိကန်၏ ပူးပေါင်းပါဝင်မှု မရှိတော့မည့်အရေး စိုးရိမ်မှုများ မြင့်တက်လာချိန် ပြင်သစ်သမ္မတက ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ဗုဒ္ဓဟူးနေ့က ရုပ်မြင်သံကြားမိန့်ခွန်းထဲတွင် ပြင်သစ်သမ္မတက ရုရှားသည် “ပြင်သစ်နှင့် ဥရောပအတွက် ခြိမ်းခြောက်မှုတစ်ခု” ဟု ပြောဆိုခဲ့ပြီး “ကျွန်တော်တို့ရဲ့ အဏုမြူလက်နက်အကာအကွယ်နဲ့ ဥရောပတိုက်က ကျွန်တော်တို့ရဲ့ မဟာမိတ်တွေကို ကာကွယ်ဖို့အရေး မဟာဗျူဟာမြောက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ဆုံးဖြတ်ထားပြီးပြီ” ဟုလည်း ပြောဆိုလိုက်သည်။ အဏုမြူလက်နက်အသုံးပြုခွင့်ကို ပြင်သစ်သမ္မတ၏ လက်မှာသာ ထားရှိမည်ဟု မက်ခရွန်က ဆိုသည်။ […]

အိမ်မွေးတိရစ္ဆာန်များနှင့် ဆက်သွယ်နိုင်မည့် ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း စတင်မိတ်ဆက်

Dawei Watch

March 6, 2025

စပိန်နိုင်ငံ ၊ ဘာစီလိုနာမြို့တွင် ကျင်းပလျက်ရှိသည့် ကမ္ဘာ့မိုဘိုင်းဖုန်းညီလာခံ(MWC)တွင် အိမ်မွေးတိရစ္ဆာန်များအတွက် အထူးစီမံထုတ်လုပ်ထားသည့် ကမ္ဘာ့ပထမဆုံးစမတ်ဖုန်းကို တရုတ်ကုမ္ပဏီတစ်ခုက မိတ်ဆက်ပြသလိုက်သည်။ PetPhone ဟု အမည်ပေးထားသည့် အဆိုပါ စမတ်ဖုန်းကို တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် GlocalMe က ထုတ်လုပ်လိုက်ခြင်းဖြစ်သည်။ ယင်းစမတ်ဖုန်းတွင် အိမ်မွေးတိရစ္ဆာန်များ၏ စိတ်အခြေအနေကို နားလည်စေနိုင်မည့် PawTalk ဟု အမည်ပေးထားသော စွမ်းဆောင်ရည်ကို ထည့်သွင်းထားသည့်အပြင် ပိုင်ရှင်များအနေဖြင့် အိမ်မွေးတိရစ္ဆာန်များနှင့် ဆက်သွယ်နိုင်မည့် အသံစနစ်လည်း ပါဝင်သည်။ အိမ်မွေးတိရစ္ဆာန်များအတွက် စိတ်အပန်းပြေစေနိုင်မည့် သီချင်းများလည်း ဖွင့်ပေးနိုင်သည်။ GPS၊ AGPS ၊ LBS ၊ Wi-fi ၊ Bluetooth နည်းပညာတို့ဖြင့် မိမိအိမ်မွေးတိရစ္ဆာန်ရောက်ရှိနေသည့် တည်နေရာကို ခြေရာခံနိုင်သည့်စနစ်လည်း ပါဝင်သည်။ အစာကျွေးခြင်းနှင့် လေ့ကျင့်ခန်း အချိန်ဇယား အပါအဝင် အိမ်မွေးတိရစ္ဆာန်များ၏ […]

အမေရိကအပေါ်ချထားသည့် ကုန်သွယ်ခွန်နှုန်း မြင့်မားနေဟု တောင်ကိုရီးယားကို ထရမ့်ဝေဖန်

Dawei Watch

March 6, 2025

အမေရိကအတွက် တောင်ကိုရီးယားက သတ်မှတ်ထားသည့် ကုန်သွယ်စည်းကြပ်ခွန်မှာ မြင့်မားနေပြီး တရုတ်ထက်ပင် ပိုဆိုးရွားနေသည်ဟု သမ္မတထရမ့်က ကွန်ဂရက်လွှတ်တော်မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။ တရုတ်၏ ကုန်သွယ်စည်းကြပ်ခွန်နှုန်းထားက အမေရိကန်ထက် နှစ်ဆပိုမြင့်နေသော်လည်း တောင်ကိုရီးယား၏ ပျမ်းမျှကုန်သွယ်စည်းကြပ်ခွန်နှုန်းထားမှာ အမေရိကန်ထက် လေးဆ ပိုမြင့်နေသည်ဟု ထရမ့်က ဆိုသည်။ “ကျွန်တော်တို့က တောင်ကိုရီးယားကို စစ်ရေးနဲ့ အခြားအကူအညီတွေ အများကြီး ထောက်ပံ့ပေးတယ်။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့အပေါ် ဒီလို လုပ်တယ်”ဟု ၎င်းက ပြောသည်။ ထရမ့်က ယင်းသို့ ပြောသော်လည်း အမေရိကန်-တောင်ကိုရီးယား လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက် (FTA) အရ နှစ်နိုင်ငံကြား ကုန်သွယ်မှု ၉၈ ရာခိုင်နှုန်းနီးပါးမှာ ကုန်သွယ်စည်းကြပ်ခွန် မရှိသလောက်နီးပါးဖြင့် လွတ်လပ်စွာ ကုန်သွယ်နေကြခြင်းဖြစ်သည်။ “တောင်ကိုရီးယားမှာ အမေရိကန်တပ်တွေ ထားရှိဖို့ အပါအဝင် အမေရိကန်ရဲ့ […]

ဂျိုးဘိုင်ဒန်ကြောင့် ကြက်ဥဈေးတက်ခြင်းဖြစ်ဟု ထရမ့်က မိန့်ခွန်းတွင်ထည့်ပြော

Dawei Watch

March 5, 2025

အမေရိကန်ပြည်ထောင်စုတွင် ကြက်ဥဈေး မြင့်တက်မှုမှာ သမ္မတဟောင်းဂျိုးဘိုင်ဒန်ကြောင့် ဖြစ်သည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၎င်း၏ ကွန်ဂရက်လွှတ်တော်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုလိုက်သည်။ သမ္မတဟောင်းဂျိုးဘိုင်ဒန်အစိုးရလက်ထက်တွင် အမေရိကန်စီးပွားရေး ကျဆင်းခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်း အဆမတန် မြင့်တက်လာခဲ့သည်ဟု ထရမ့်က ဆိုသည်။ “ဂျိုးဘိုင်ဒန်က ကြက်ဥဈေးတွေကို ထိန်းမရ သိမ်းမရဖြစ်အောင် လုပ်ထားခဲ့တယ်။ ကြက်ဥဈေးပြန်ကျလာအောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု ၎င်းက ဆိုသည်။ ပြီးခဲ့သည့်နှစ် သမ္မတဂျိုးဘိုင်ဒန်လက်ထက်တွင် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားမှုကြောင့် အမေရိကန်အစိုးရက သန်းနှင့် ချီသည့် မွေးမြူရေးကြက်များကို ရွေးချယ်သုတ်သင်ပစ်ခဲ့သည်။ သမ္မတထရမ့်တက်လာပြီးအချိန်အထိ ကြက်ဥဈေးနှုန်းများမှာ ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်။ ပြီးခဲ့သည့်လတွင် အမေရိကန်နိုင်ငံ၌ ငွေကြေးဖောင်းပွမှုနှုန်း ၃ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ပြီး ယင်းမှာ ၂၀၂၂ ခုနှစ်က ငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၁ ရာခိုင်နှုန်းနှင့် […]

ဆားဘီးယားလွှတ်တော်တွင် ရုန်းရင်းဆန်ခတ်ဖြစ်၊ မီးခိုးဗုံး၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်

Dawei Watch

March 5, 2025

အင်္ဂါနေ့က ဆားဘီးယားနိုင်ငံ လွှတ်တော်အတွင်း အတိုက်အခံအမတ်များက မီးခိုးဗုံး ၊ မျက်ရည်ယိုဗုံးများ ပစ်ပေါက်ခဲ့ပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။ လနှင့်ချီ ဖြစ်ပွားလျက်ရှိသော ဆားဘီးယားအစိုးရကို ဆန့်ကျင်သည့် ကျောင်းသားဆန္ဒပြပွဲများနှင့်အတူ ရပ်တည်ကြောင်းကိုပါ အတိုက်အခံအမတ်များက လွှတ်တော်အတွင်း ဆန္ဒပြခဲ့ကြသည်။ အင်္ဂါနေ့ လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည့်အကြောင်းအရာကို အာဏာရညွန့်ပေါင်းအဖွဲ့က အတည်ပြုလိုက်ချိန်တွင် အတိုက်အခံအမတ်အချို့က ထိုင်ခုံမှ ထလာပြီး လွှတ်တော်ဥက္ကဋ္ဌဆီ ပြေးသွားခဲ့သည်။ ၎င်းတို့ကို လုံခြုံရေးအစောင့်များက ဟန့်တားခဲ့ပြီး ရုန်းရင်းဆန်ခတ် လုံးထွေးသတ်ပုတ်မှု ဖြစ်ပွားခဲ့သည်။ အခြားအတိုက်အခံအမတ်အချို့ကလည်း မီးခိုးဗုံး ၊ မျက်ရည်ယိုဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြပြီး လွှတ်တော်အစည်းအဝေးခန်းမအတွင်း အနက်ရောင် ၊ ပန်းရောင်မီးခိုးများ ပြည့်နှက်သွားခဲ့သည်ကို ရုပ်မြင်သံကြားမှ တိုက်ရိုက်တွေ့မြင်ခဲ့ရသည်။ အတိုက်အခံအမတ်များက“အထွေထွေသပိတ်မှောက်ရေး” ၊ “အသတ်ခံရသူများအတွက် တရားမျှတမှုရရှိရေး” ဟု အဓိပ္ပါယ်ရသည့် ပိုစတာများကို ကိုင်ဆောင်ကာ […]

ထရမ့် ဦးဆောင်မှုဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ရှိဟု ဖိအားပေးခံနေရသည့် ဇလန်းစကီးပြော

Dawei Watch

March 5, 2025

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ဦးဆောင်မှုအောက်တွင် ငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ဖြစ်နေပြီဟု ဖိအားပေးခံနေရသော ယူကရိန်းသမ္မတဗလော်ဒီမာဇလန်းစကီးက အင်္ဂါနေ့က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့်အပတ်က အိမ်ဖြူတော်တွင် အမေရိကန်သမ္မတထရမ့် ၊ ဒုတိယသမ္မတဂျေဒီဗန်းစ်တို့နှင့် အချင်းများခဲ့ရသည့်အပေါ် စိတ်မကောင်းဖြစ်ရသည်ဟုလည်း ဇလန်းစကီးက ပြောဆိုခဲ့သည်။ ယူကရိန်းအချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးကို ထိန်းသိမ်းရန် အမေရိကန်ပြည်ထောင်စုက ကူညီခဲ့သည်များကို တန်ဖိုးထားအသိအမှတ်ပြုကြောင်းလည်း ၎င်းက ဆိုသည်။ ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ပထမဆုံးအဆင့်အနေဖြင့် အကျဉ်းသားများကို လွှတ်ပေးပြီး ဝေဟင်နှင့် ရေပြင်တွင် အပစ်ရပ်ရမည်ဖြစ်ကာ ရုရှားဘက်ကလည်း အလားတူဆောင်ရွက်ပေးရမည်ဟု ဇလန်းစကီးက ဆိုသည်။ အမေရိကန်နှင့် ယူကရိန်းအကြား အနာဂတ်ပူးပေါင်းလုပ်ဆောင်မှုများတွင် အပြုသဘောဆောင်စေလိုပြီး ယူကရိန်း၏ မြေရှားသတ္တုကို အမေရိကန်အား ရေရှည်ထုတ်လုပ်ပိုင်ခွင့်ပေးသည့် သဘောတူညီချက်ကိုလည်း အချိန်မရွေး လက်မှတ်ထိုးရန် အသင့်ဖြစ်နေပြီဟု ၎င်းက ဆိုသည်။ ဗြိတိန်ဝန်ကြီးချုပ်နှင့် ပြင်သစ်သမ္မတက ယူကရိန်းတွင် ရက် ၃၀ […]

ထရမ့်ကို ဆန္ဒပြသည့် ဒီမိုကရက်အမတ်၏ ‘ပုံမှန်မဟုတ်ဘူး’ ဆိုသော စာရွက် ဆုတ်ဖြဲခံရ

Dawei Watch

March 5, 2025

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကွန်ဂရက်လွှတ်တော်အတွင်း မိန့်ခွန်းမပြောမီ နယူးမက္ကဆီကိုပြည်နယ်မှ ဒီမိုကရက်လွှတ်တော်အမတ်တစ်ဦးက စာရွက်တစ်ခု ကိုင်ဆောင်ကာ သမ္မတထရမ့်အား ဆန့်ကျင်ဆန္ဒပြခဲ့သည်။ ကွန်ဂရက်လွှတ်တော်အတွင်းသို့ သမ္မတထရမ့် လမ်းလျှောက်ဝင်လာပြီး ရီပတ်ဘလင်ကန် အမတ်များကို နှုတ်ဆက်နေစဉ် နယူးမက္ကဆီကိုပြည်နယ် ဒီမိုကရက်လွှတ်တော်အမတ် Melanie Stansbury က ယင်းသို့ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံတွင်ပါရှိသကဲ့သို့ ၎င်းကို ထရမ့်ဘေးတွင် အတူတွေ့လိုက်ရပြီး ၎င်း၏ လက်ထဲတွင် “ပုံမှန်မဟုတ်ဘူး” ဟု အဓိပ္ပါယ်ရသည့် “This is not normal.” စာသားကို လက်ရေးဖြင့် ရေးသားကာ ထရမ့်အား ဆန့်ကျင်ဆန္ဒပြနေသည်ကို တွေ့ခဲ့ရသည်။ ၎င်းဘေးမှ ထရမ့် လမ်းလျှောက်ထွက်ခွာသွားပြီးနောက်တွင် တက္ကဆက်ပြည်နယ် ရီပတ်ဘလင်ကန်အမတ်တစ်ဦးက ၎င်းကိုင်ဆောင်ထားသည့် စာပြားကို လုယူကာ ဆုတ်ဖြဲပစ်လိုက်သည်။ ယင်းသို့ပင် ထရမ့်မိန့်ခွန်းပြောနေစဉ်အတွင်း တက္ကဆက်ပြည်နယ် […]