သမ္မတအဖြစ် နောက်သက်တမ်းထပ်နေရန် ထရမ့်ပြောဆို၊ ဒီမိုကရက်ပါတီက ဟန့်တားနိုင်ရန် စတင်လုပ်ဆောင်
Dawei Watch
February 28, 2025သမ္မတထရမ့်က တတိယအကြိမ် သမ္မတသက်တမ်းကို ဆက်လက်ထမ်းဆောင်သွားမည်ဟု ထပ်ကာထပ်ကာ သွယ်ဝိုက်ပြောဆိုလာချိန်တွင် အတိုက်အခံ ဒီမိုကရက်ပါတီဘက်က ယင်းလုပ်ရပ်ကို ဟန့်တားနိုင်ရေး တန်ပြန်လုပ်ဆောင်လာသည်။ “ဒါကို တစ်ချိန်တုန်းက မီဒီယာတွေက ဟာသတစ်ခုလို့ သဘောထားခဲ့ကြပါတယ်။ ဒါပေမဲ့ ဒေါ်နယ်ထရမ့်က အခြေခံဥပဒေကနေ ခွင့်ပြုပေးထားတဲ့ သမ္မတသက်တမ်းနှစ်ကြိမ်ထက် ကျော်လွန်တာဝန်ယူဖို့ကို ထပ်ခါထပ်ခါ သွယ်ဝိုက်ပြောဆိုမှုတွေဟာ အခုချိန်မှာ ရီပတ်ဘလင်ကန် ပါတီဝင်တွေကြားမှာ အများလက်ခံတဲ့ ယုံကြည်မှုတစ်ခု ဖြစ်လာပြီ”ဟု ဒီမိုကရက်ပါတီ အောက်လွှတ်တော်အမတ် မစ္စတာဒန်ဂိုးမန်းက ဆိုသည်။ အမေရိကန်သမ္မတများအနေဖြင့် သက်တမ်းနှစ်ကြိမ်သာ တာဝန်ထမ်းဆောင်ရန် အခြေခံဥပဒေ ပြင်ဆင်ချက်အမှတ် ၂၂ ဖြင့် ကန့်သတ်ထားပြီး ယင်းကန့်သတ်ချက်ကို ထပ်လောင်းအတည်ပြုရေး မဲခွဲဆုံးဖြတ်ရန်အဆိုတစ်ခုကို လွှတ်တော်သို့ တင်သွင်းသွားမည် ဖြစ်ကြောင်း ၎င်းကပြောဆိုလိုက်သည်။ ဒီမိုကရက်ပါတီသည် အောက်လွှတ်တော်တွင် နေရာအနည်းစုသာ ရရှိထားသော်လည်း ယင်းအဆိုပြုချက်ကို မဲခွဲအတည်ပြုနိုင်မည့် […]


