ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

February 21, 2025

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

တတိယကမ္ဘာစစ်နှင့် မဝေးတော့ဟု ထရမ့် ပြော

Dawei Watch

February 21, 2025

တတိယကမ္ဘာစစ်က မဝေးတော့ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတိပေးပြောဆိုလိုက်ပြီး ၎င်း၏အစိုးရက ယင်းကို တားဆီးသွားမည်ဟု ဆိုသည်။​ ယမန်နေ့ ကြာသပတေးနေ့က မိုင်ယာမီပြည်နယ်တွင် ပြုလုပ်သည့် FII Priority ထိပ်သီးဆွေးနွေးပွဲ၌ ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ သမ္မတဟောင်းဂျိုးဘိုင်ဒန်၏ အစိုးရကသာ ဆက်အာဏာရနေခဲ့လျှင် ကမ္ဘာကြီးမှာ စစ်ပွဲထဲ ရောက်နေလောက်ပြီဟု ထရမ့်က ဆိုသည်။ “တတိယကမ္ဘာစစ်ထဲ ရောက်သွားလို့ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး။ ခင်ဗျားတို့က တတိယကမ္ဘာစစ်နဲ့ မဝေးတော့ဘူး။ ခင်ဗျားတို့ကို ကျွန်တော် အခုပဲ ပြောမယ်။ တတိယကမ္ဘာစစ်နဲ့ ခင်ဗျားတို့နဲ့ မဝေးတော့ဘူး။​ ဒီ(ဂျိုးဘိုင်ဒန်)အစိုးရကသာ နောက်တစ်နှစ်လောက် ထပ်အုပ်ချုပ်ခဲ့ရင် ခင်ဗျားတို့တွေ တတိယကမ္ဘာစစ်ထဲ ရောက်နေလောက်ပြီ။ အခု အဲဒါက ဖြစ်လာမှာ မဟုတ်တော့ဘူး” ဟု ၎င်းက ပြောသည်။​ အမေရိကန်အနေဖြင့် […]

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

February 20, 2025

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

ကမ္ဘာ့အရှည်ဆုံးရေအောက်ကေဘယ်လိုင်းကို Meta တည်ဆောက်မည်

Dawei Watch

February 18, 2025

အမေရိကန်၊ အိန္ဒိယ၊ တောင်အာဖရိက၊ ဘရာဇီးနှင့် အခြားဒေသများကို ချိတ်ဆက်သွားမည့် ကမ္ဘာ့အရှည်ဆုံး ရေအောက်ကေဘယ်လိုင်းကို တည်ဆောက်ရန် Meta ကုမ္ပဏီက စီစဉ်နေသည်။ Instagram ၊ Facebook ၊ WhatsApp တို့ကို ပိုင်ဆိုင်သည့် မာ့ခ်ဇူကာဘတ် ဦးဆောင်သော Meta ကုမ္ပဏီက ကီလိုမီတာ ၅၀,၀၀၀ (၃၁,၀၀၀ မိုင်) ရှည်လျားသည့် အဆိုပါ ပင်လယ်ရေအောက် ကေဘယ်လိုင်းကို တည်ဆောက်သွားမည် ဖြစ်သည်။ ယင်းမှာ ကမ္ဘာ့မျက်နှာပြင်ကို တစ်ပတ်ပြည့်အောင် ပတ်သည့်အကွာအဝေးထက် ပိုမိုရှည်လျားမည်ဖြစ်သည်။ “ Project Waterworth” ဟု အမည်ပေးထားသည့် ယင်းစီမံကိန်းမှာ ဉာဏ်ရည်တု(AI) နှင့် အခြားနည်းပညာသစ်များကို ကမ္ဘာတစ်ဝှမ်း လက်လှမ်းမီစေနိုင်ရန် ရည်ရွယ်သည်ဟု Meta ကုမ္ပဏီက ဆိုသည်။ ပင်လယ်ရေအောက်ကေဘယ်လိုင်းများသည် “အင်တာနက်၏ […]

ကမ္ဘာ့ဒီမိုကရေစီ အန္တရာယ်ရှိနေပြီ ဟု ဗြိတိန်ဝန်ကြီးချုပ်ဟောင်း သတိပေး

Dawei Watch

February 18, 2025

သမ္မတဒေါ်နယ်ထရမ့်၏ အမေရိကန် တစ်သီးတစ်ခြားရပ်တည်ရေး မူဝါဒနှင့် ကမ္ဘာ့ဇာတ်ခုံပေါ် အမေရိကန်နေရာကို တရုတ်က အစားထိုးနေရာဝင်ယူလာနိုင်မှုကြောင့် ကမ္ဘာ့ဒီမိုကရေစီမှာ အန္တရာယ်ကျရောက်နေကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဂျွန်မေဂျာက သတိပေးလိုက်သည်။ ခေတ်ပြိုင်နိုင်ငံရေးအခြေအနေတွေအပေါ် တိုက်ရိုက်ဝေဖန်သုံးသပ်ပြောဆိုမှု နည်းပါးသည့် ဂျွန်မေဂျာက BBC Radio 4 နှင့် အင်တာဗျူးတစ်ခုတွင် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ “ဒီမိုကရေစီက ခြိမ်းခြောက်ခံနေရပြီဆိုတာ ကျွန်တော့် စိတ်ထဲမှာ သံသယမရှိဘူး။ ပြီးခဲ့တဲ့ ၁၈ နှစ်အတွင်းမှာ ဒီမိုကရေစီက မသိမသာ ယိုယွင်းကျဆင်းလာနေခဲ့တယ်။ အမြင်ကျဉ်းတဲ့ လက်ယာယိမ်းတွေဆီကနေ အကျည်းတန်တဲ့ အမျိုးသားရေးဝါဒက ကြီးထွားလာနေတယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။ ကမ္ဘာ့ခေါင်းဆောင်မှုနေရာကို ပိုမိုအာဏာရှင်ဆန်သည့်နိုင်ငံတစ်ခုကို လက်လွှဲပေးလိုက်ရလျှင် ဝါရှင်တန်အနေဖြင့် နောင်တရကောင်းရနေလိမ့်မည်ဟု ၎င်းက သတိပေးခဲ့သည်။ အမေရိကန်အနေဖြင့် ၎င်း၏ နိုင်ငံတကာဆိုင်ရာ တာဝန်များကို […]

ထိုင်ဝမ်ရေလက်ကြားထဲ ကနေဒါစစ်သင်္ဘောဖြတ်သန်းမှု တရုတ်ဝေဖန်

Dawei Watch

February 17, 2025

ထိုင်ဝမ်ရေလက်ကြားအတွင်း ကနေဒါစစ်သင်္ဘောတစ်စင်း ဖြတ်သန်းဝင်ရောက်ခဲ့မှုမှာ ဒေသတွင်း ငြိမ်းချမ်းရေးကို ထိခိုက်စေကြောင်း တရုတ်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့ ပြောဆိုလိုက်သည်။ ကနေဒါစစ်သင်္ဘောမှာ ယခုနှစ်တွင်း ထိုင်ဝမ်ရေလက်ကြားသို့ ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီလ ၁၆ရက်က ဖြတ်သန်းဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။ အမေရိကန်စစ်သင်္ဘောနှစ်စင်း ဖြတ်သန်းဝင်ရောက်ပြီးနောက် ရက်ပိုင်းအကြာတွင် ကနေဒါစစ်သင်္ဘောဝင်ရောက်ခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။ ကနေဒါ၏ ယင်းလုပ်ရပ်မှာ ထိုင်ဝမ်ရေလက်ကြားတွင် တမင်တကာ ပြဿနာရှာခြင်းဖြစ်ပြီး ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိခိုက်စေကြောင်း တရုတ်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုသည်။ တရုတ်စစ်တပ်အနေဖြင့် ခြိမ်းခြောက်မှုနှင့် ရန်စမှုအားလုံးကို ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ ကနေဒါစစ်သင်္ဘောဖြတ်သန်းပြီးနောက် ၂၄ နာရီအတွင်းတွင် တရုတ်လေယာဉ် ၄၁ စင်းနှင့် စစ်သင်္ဘော ၉ စင်းကို ထိုင်ဝမ်ကျွန်းအနီးတဝိုက်တွင် တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက […]

တာလီဘန်ကိုယ်စားလှယ်အဖွဲ့ ဂျပန်သို့ ပထမဆုံးအကြိမ် သွားရောက်

Dawei Watch

February 17, 2025

အာဖဂန်နစ္စတန်နိုင်ငံကို သိမ်းယူထိန်းချုပ်ထားသည့် တာလီဘန်ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ သည် ဂျပန်နိုင်ငံသို့ သံတမန်ရေး ခရီးစဉ်အဖြစ် ပထမဆုံးအကြိမ် ရောက်ရှိလာကြောင်း ဂျပန်သတင်းဌာနများက ဖော်ပြသည်။ ဖေဖော်ဝါရီလ ၁၆ ရက်က လာရောက်ခြင်းဖြစ်ပြီး ရက်သတ္တပတ်တစ်ပတ် ကြာမြင့်မည်ဖြစ်သည်။ ယင်းကိုယ်စားလှယ်အဖွဲ့တွင် တာလီဘန်၏ နိုင်ငံခြားရေး၊ ပညာရေး၊ စီးပွားရေးနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ ပါဝင်ကြောင်း ဂျပန်သတင်းဌာန အဆာဟိရှင်ဘွန်းက ဖော်ပြသည်။ တာလီဘန်ကိုယ်စားလှယ်များသည် ဂျပန်အစိုးရထံမှ လူသားချင်းစာနာမှုအကူအညီများ တောင်းခံပြီး ဂျပန်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးထူထောင်ရန် ဆွေးနွေးသွားဖွယ်ရှိကြောင်း ခန့်မှန်းထားကြသည်။ ယင်းခရီးစဉ်မှာ ‘နိုင်ငံတကာ အသိုက်အဝန်း၏ တက်ကြွသော အဖွဲ့ဝင်နိုင်ငံဖြစ်ရေး’ တာလီဘန်အဖွဲ့ ကြိုးပမ်းနေခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း တာလီဘန်၏ စီးပွားရေး ဒုဝန်ကြီး လာတစ်နာဇရီက ပြောသည်။ အမေရိကန် ကျောထောက်နောက်ခံပြုထားသည့် အာဖဂန်နစ္စတန်အစိုးရကို ၂၀၂၁ ခုနှစ်တွင် […]

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

February 17, 2025

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။