ထိုင်းဝန်ကြီးချုပ်ကို တိုင်ကြားချက် အခြေခံဥပဒေခုံရုံးက လက်ခံစစ်ဆေးမည်
Dawei Watch
May 24, 2024ကျင့်ဝတ်ချိုးဖောက်သည်ဟုဆိုကာ ထိုင်းဝန်ကြီးချုပ်ရာထူးနှင့်ပတ်သက်၍ လက်ရှိဝန်ကြီးချုပ် စေထာထဝီဆင်ကို စစ်ဆေးအရေးယူပေးရန် ထိုင်းအထက်လွှတ်တော်အမတ် ၄၀ က တိုင်ကြားထားသည်ကို အခြေခံဥပဒေခုံရုံးက ယနေ့တွင် လက်ခံလိုက်သည်။ သို့သော်လည်း စစ်ဆေးနေသည့်ကာလအတွင်း ဝန်ကြီးချုပ်ရာထူးကနေ ဆိုင်းငံ့ထားမည်မဟုတ်ကြောင် ခုံရုံးက ထုတ်ပြန်ထားသည်။ ဝန်ကြီးချုပ် စေထာထဝီဆင်က ပြစ်မှုဟောင်းရှိဖူးသော ရှေ့နေ ဖိချစ် ချိမ့်ဘန်ကို လစ်လပ်နေသော ဝန်ကြီးချုပ်ရုံး ဝန်ကြီးနေရာတွင် ခန့်အပ်ခြင်းမှတစ်ဆင့် ပြဿနာများ စတင်ခဲ့သည်။ ထိုမှတစ်ဆင့် ဝန်ကြီးချုပ်သည် အရည်အချင်းမပြည့်မီသူကို ဝန်ကြီးနေရာခန့်အပ်သည့်အတွက် ကျင့်ဝတ်ချိုးဖောက်သဖြင့် အရေးယူစစ်ဆေးပေးရန် အထက်လွှတ်တော်အမတ်များက အခြေခံဥပဒေခုံရုံးထံ ပြီးခဲ့သော ရက်ပိုင်းအတွင်း တိုင်ကြားထားခဲ့ခြင်းဖြစ်သည်။ ထို့အတူ ဝန်ကြီးချုပ်ရုံး ဝန်ကြီးဖြစ်သူ ဖိချစ်ကိုလည်း ရာထူးလက်ခံသည့်အတွက် စစ်ဆေးအရေးယူပေးရန် တိုင်ကြားခဲ့ပြီးနောက် ဖိချစ်က မေလ ၂၁ ရက်နေ့တွင် ဝန်ကြီးအဖြစ်က နုတ်ထွက်ခဲ့သည်။ အထက်လွှတ်တော်အမတ်များ၏ […]


