ရေကြီးမြေပြိုမှုကြောင့် နီပေါတွင် လူ ၁၅၀ ကျော် သေဆုံး
Dawei Watch
September 30, 2024ကြီးမားပြင်းထန်သည့် ရေကြီးမြေပြိုမှုများကြောင့် နီပေါနိုင်ငံအနှံ့တွင် လူ ၁၇၀ ကျော် သေဆုံးပြီး လူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ တနင်္ဂနွေနေ့အထိ ကိန်းဂဏန်းများအရ အနည်းဆုံး လူ ၅၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်သည်။ နှစ်ရက်ဆက်တိုက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့တော်ခတ္တမန္ဒူနှင့် အနီးတဝိုက် ချိုင့်ဝှမ်းဒေသတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ လူပေါင်း ၃၆၀၀ ကျော်အား ကယ်ဆယ်ရွှေ့ပြောင်းထားရသည်။ အချိန်တိုအတွင်း မြန်ဆန်စွာ မြင့်တက်လာသည့် ရေတွေကြောင့် ထောင်နှင့်ချီသော နေအိမ်များ ရေလွှမ်းမိုးခံခဲ့ရသည်။ လူတွေ အိမ်ခေါင်မိုးများပေါ်မှ ခုန်ကျော်ထွက်ပြေးနေရသည်ဟု ဒေသခံများက ပြောသည်။ ကယ်ဆယ်ရေးအဖွဲ့များက ဟယ်လီကော်ပတာနှင့် လေထိုးသွင်းရသည့် လှေငယ်များ အသုံးပြုကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ အင်္ဂါနေ့အထိ မိုးဆက်လက်ရွာသွန်းမည်ဟု ခန့်မှန်းထားသော်လည်း တနင်္ဂနွေနေ့တွင် […]


