တရုတ်က ၂ နှစ်အတွင်း ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်ရန်ရှိဟု အမေရိကန်ထောက်လှမ်းရေးပြော
Dawei Watch
March 24, 2025တရုတ်သမ္မတရှီကျင့်ဖျင်သည် ၂၀၂၇ မတိုင်မီ ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်ရန် ရည်ရွယ်နေကြောင်း အမေရိကန်ထောက်လှမ်းရေးအစီရင်ခံစာတစ်ခုကို ကိုးကား၍ ထိုင်ဝမ်အခြေစိုက် Focus Taiwan သတင်းဌာနက ဖော်ပြသည်။ “တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်မှုအတွင်း ကြွယ်ဝချမ်းသာမှုနှင့် အကျင့်ပျက်ခြစားမှုများ” ဟု ခေါင်းစဉ်တပ်ထားသည့် အဆိုပါ အစီရင်ခံစာကို အမေရိကန်နိုင်ငံ ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး (DNI) က မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ သမ္မတရှီကျင့်ဖျင်သည် ယင်းကျူးကျော်မှုလုပ်ဆောင်ရန် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကို ခေတ်မီစစ်တပ်တစ်တပ် ဖြစ်လာစေရေးအတွက် စစ်တပ်အတွင်း အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကို ဆောင်ရွက်လျက်ရှိသည်ဟု ယင်းအစီရင်ခံစာက ဆိုသည်။ တရုတ်နိုင်ငံတွင် အစိုးရအရာရှိအားလုံး၏ ၆၅ ရာခိုင်နှုန်းမှာ လာဘ်ပေးလာဘ်ယူမှုတွင် ပါဝင်ပတ်သက်နေကြကြောင်း ယင်းအစီရင်ခံစာက ဖော်ပြသည်။ တရုတ်သမ္မတရှီကျင့်ဖျင် အာဏာရလာသည့် ၂၀၁၂ ခုနှစ်မှ စ၍ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကို ကျယ်ကျယ်ပြန့်ပြန့် […]


