ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

အမေရိကန်က ဂရင်းလန်းကို သိမ်းပိုက်လျှင် အာတိတ်ဒေသ စစ်ဖြစ်နိုင်ကြောင်း ပူတင် သတိပေး

Dawei Watch

March 28, 2025

အမေရိကန်နိုင်ငံသည် ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရေးကို အလေးအနက်ထားနေသည့်အတွက် အာတိတ်ဒေသရှိ ရုရှားအကျိုးစီးပွားများကို စစ်ရေးအရ ကာကွယ်ရန် အသင့်ရှိနေပြီး ယင်းသို့ လုပ်ဆောင်ရန် စိတ်ဆန္ဒလည်း ရှိကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ထုတ်ဖော်ပြောဆိုလိုက်သည်။ ယခုနှစ် ဇန်နဝါရီလတွင် အာဏာရလာပြီးကတည်းက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်းကို သိမ်းပိုက်မည့်အရေး ပြောဆိုလာခဲ့သည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်းကို ဝယ်ယူရန် ရှေ့ဆက်လုပ်ဆောင်လျှင် ရုရှားအနေဖြင့် အာတိတ်ဒေသရှိ မိမိ၏ ပိုင်နက်ကို ကာကွယ်ရန် ရှိသည်ဟု ပူတင်က ကြေညာခဲ့သည်။ “ဒါကို အမေရိကန်အစိုးရသစ်ဆီက ထူးထူးဆန်းဆန်း ချဲ့ကားပြောစကားလို့သာ မှတ်ယူမယ်ဆိုရင် အမှားကြီးမှားမယ်။ အဲလိုမျိုး မဟုတ်ဘူး” ဟု ပူတင်က ဆိုသည်။ ၁၉ ရာစုတွင် အမေရိကန်က ဂရင်းလန်းကျွန်းကို အရယူရန် အစီအစဉ်များ ရေးဆွဲခဲ့သော်လည်း ယင်းအစီအစဉ်များကို စွန့်လွှတ်ခဲ့ကြောင်း […]

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းသို့ ဝင်ရောက်လာသည့် မြန်မာ ၇ သန်းကျော်ရှိပြီဟုဆို

Dawei Watch

March 27, 2025

စစ်အာဏာသိမ်းပြီးချိန်မှစကာ လက်ရှိအချိန်အထိ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၇ သန်းကျော်ပြီဖြစ်ကြောင်း ထိုင်းလွှတ်တော်ကော်မတီဥက္ကဋ္ဌ ရန်စီမန်ရုမ်းက ထုတ်ဖော်ပြောဆိုခဲ့သည်။ မကြာသေးမီက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ လွှတ်တော်အဆောက်အအုံအတွင်း နှစ်ရက်တာ ပြုလုပ်ခဲ့သည့် မြန်မာ့အရေးဆွေးနွေးပွဲတွင် ၎င်းက ယင်းသို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက်တွင် မြန်မာနိုင်ငံ၏ ပဋိပက္ခနှင့် စီးပွားရေးအကျပ်အတည်းကြောင့် ထိုင်းနိုင်ငံအတွင်းသို့ မြန်မာဒုက္ခသည် ၇ သန်းကျော် ထွက်ပြေးဝင်ရောက်လာခဲ့သည်ဟု ထိုင်းအောက်လွှတ်တော် အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားရေးဆိုင်ရာ မဟာဗျူဟာနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမြဲတမ်းကော်မတီဥက္ကဋ္ဌဖြစ်သူ ရန်စီမန်ရုမ်းက ဆိုသည်။ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု၊ ငွေကြေးလိမ်လည်မှု ကဲ့သို့သော ဒုစရိုက်မှုများအပေါ် ထိုင်းနိုင်ငံ၏ စိုးရိမ်မှုများကိုလည်း ၎င်းက မီးမောင်းထိုးပြောဆိုခဲ့သည်။ အဆိုပါ ဒုစရိုက်မှုများက ထိုင်းနိုင်ငံ၏ စီးပွားရေးကို ထိခိုက်စေသည်ဟု ၎င်းက ဆိုသည်။ အဆိုပါ […]

ဥရောပတွင် နေထိုင်သူများ သုံးရက်စာရိက္ခာ၊ အသုံးအဆောင်များ စုဆောင်းထားရန် EU သတိပေး

Dawei Watch

March 27, 2025

ဥရောပနိုင်ငံများမှ ပြည်သူများအနေဖြင့် အနည်းဆုံး ၇၂ နာရီစာအတွက် လိုအပ်သည့် အစားအစာ၊ ရေနှင့် အခြားမရှိမဖြစ်ပစ္စည်းများကို စုဆောင်းထားရှိရန် ဥရောပသမဂ္ဂ(EU) က ဗုဒ္ဓဟူးနေ့တွင် သတိပေးချက် ထုတ်ပြန်လိုက်သည်။ စစ်ပွဲ ၊ ဆိုက်ဘာတိုက်ခိုက်မှု ၊ ရာသီဥတုဖောက်ပြန်မှုနှင့် ရောဂါများကြောင့် အကျပ်အတည်းဆိုက်မည့် အလားအလာကြီးထွားလာချိန်တွင် လူဦးရေ သန်း ၄၅၀ ရှိသည့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံသားများကို ယင်းသို့သတိပေးလိုက်ခြင်းဖြစ်သည်။ “ဥရောပ ဒီကနေ့ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတွေဟာ အရင်တုန်းကထက် အများကြီး ပိုရှုပ်ထွေးလာပါတယ်။ ဒီခြိမ်းခြောက်မှုတွေအကုန်လုံးကလည်း အပြန်အလှန်ဆက်စပ်နေပါတယ်”ဟု ဥရောပသမဂ္ဂ၏ အကျပ်အတည်းပြင်ဆင်မှုနှင့် စီမံခန့်ခွဲရေးကော်မရှင်အကြီးအကဲ Hadja Lahbib က ဆိုသည်။ ဥရောပတိုက်လုံခြုံရေးအတွက် ဥရောပတိုက်က ပိုတာဝန်ယူရမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတိပေးလာမှုနှင့်အတူ ဥရောပသမဂ္ဂအဖွဲ့က ၎င်းတို့၏ လုံခြုံရေးအတွက် ပြန်လည်စဉ်းစားသုံးသပ်လာရချိန်တွင် […]

ထိုင်းဝန်ကြီးချုပ်အား အယုံအကြည်မရှိ အဆို ရှုံးနိမ့်

Dawei Watch

March 26, 2025

ထိုင်းဝန်ကြီးချုပ်ပေထုန်တန်ရှင်နာဝပ်ထရပ်အား အယုံအကြည်မရှိအဆိုကို လွှတ်တော်အတွင်း ယနေ့ မဲခွဲဆုံးဖြတ်ရာ ယင်းအဆိုမှာ ရှုံးနိမ့်သွားခဲ့သည်။ ဝန်ကြီးချုပ်ပေထုန်တန် ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရကို အတိုက်အခံဘက်က ပြင်းပြင်းထန်ထန် မေးခွန်းထုတ်လာခဲ့ပြီး နှစ်ရက်အကြာတွင် ယင်းသို့ မဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ပေထုန်တန်၏ ညွန့်ပေါင်းအဖွဲ့သည် အောက်လွှတ်တော်အတွင်း နေရာပေါင်း ၅၀၀ အနက်မှ ၃၂၀ နေရာကို ထိန်းချုပ်ထားသည်။ အယုံအကြည်မရှိအဆို အောင်မြင်ရန်မှာ မဲပေးသည့် အောက်လွှတ်တော်အမတ်များ၏ ထက်ဝက်ကျော်ထံမှ ထောက်ခံမဲ ရရှိရန် လိုအပ်သည်။ မဲခွဲဆုံးဖြတ်မှုရလဒ်မှာ ထောက်ခံမဲ ၃၁၉ မဲ၊ ကန့်ကွက်မဲ ၁၆၂ မဲနှင့် ကြားနေမဲ ၇ မဲ ရှိရာ မစ္စပေထုန်တန်အား ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူခွင့်ပြုရန် ဆုံးဖြတ်ခဲ့သည်။ အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်မှုမှာ ပေထုန်တန်ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရအတွက် ပထမဆုံးပေါ်ပေါက်လာသည့် စိန်ခေါ်မှု […]

အေအိုင်ကုမ္ပဏီများ ဒဏ်ကြေးအမြောက်အများ ဆောင်ရနိုင်သည့် ဥပဒေကြမ်း စပိန်အစိုးရ မိတ်ဆက်

Dawei Watch

March 25, 2025

အေအိုင်ကုမ္ပဏီများအနေဖြင့် ဒဏ်ကြေး အမြောက်အများ ဆောင်ရနိုင်သည့် ဥပဒေကြမ်းတစ်ခုကို စပိန်အစိုးရက မတ်လ ၁၁ ရက်နေ့တွင် မိတ်ဆက်လိုက်သည်။ အေအိုင်ဖြင့် ဖန်တီးထားသည့် အတုအယောင် ဗီဒီယိုများနှင့် ဓာတ်ပုံများကို ထိန်းချုပ်ရန် ရည်ရွယ်ကာ ယင်းဥပဒေကြမ်းကို အဆိုပြုလာခြင်း ဖြစ်သည်။ အေအိုင်ဖြင့် ဖန်တီးထားသည့် ဓာတ်ပုံ ၊ ဗီဒီယို ၊ အသံနှင့် စာသားများကို အေအိုင်ဖြင့် ဖန်တီးထားကြောင်း ရှင်းရှင်းလင်းလင်း မဖော်ပြပါက မူလဖန်တီးသည့် အေအိုင်ကုမ္ပဏီအနေဖြင့် ဒဏ်ငွေများစွာ ပေးဆောင်ရမည် ဖြစ်သည်။ စပိန်နိုင်ငံ ကွန်ဂရက်လွှတ်တော်မှ အတည်ပြုထောက်ခံမှုရလျှင် အဆိုပါ ဥပဒေအသက်ဝင်လာမည် ဖြစ်သည်။ ယူရို ၇ ဒသမ ၅ သန်းမှ ယူရို ၃၅ သန်း အကြား ၊ သို့မဟုတ် ကုမ္ပဏီတစ်နှစ်တာ […]

စစ်ပွဲကြောင့် ဂါဇာတွင် သေဆုံးသူ ငါးသောင်းကျော် ရှိလာ

Dawei Watch

March 25, 2025

ဟားမတ်စ်နှင့် အပစ်ရပ်သဘောတူညီချက်ကို ပြီးခဲ့သည့်အပတ်တွင် အစ္စရေးဘက်က ချိုးဖောက်ကာ တိုက်ခိုက်မှု ပြန်လည်စတင်လိုက်ပြီးနောက် စစ်ပွဲကြောင့် ဂါဇာတွင် သေဆုံးသူ ငါးသောင်းကျော် ရှိလာပြီ ဖြစ်ကြောင်း ပါလက်စတိုင်းအရာရှိများက ထုတ်ဖော်ပြောဆိုလိုက်သည်။ ကျန်ရှိနေသေးသည့် အစ္စရေးဓားစာခံများကို ဟားမတ်စ်ဘက်က ပြန်မလွှတ်ပေးလျှင် ဂါဇာကို အလုံးစုံပျက်စီးအောင် တိုက်ခိုက်မည်ဟု အစ္စရေးဘက်က ခြိမ်းခြောက်ထားသည်။ အစ္စရေးက ဂါဇာရှိ နေရာတော်တော်များကို စစ်ရေးပစ်မှတ်ဟု ဆိုကာ တိုက်ခိုက်မှု ပြုလုပ်လျက်ရှိပြီး ဂါဇာမြောက်ပိုင်းသို့ မြေပြင်ကျူးကျော်ထိုးစစ်လည်း ပြုလုပ်လျက် ရှိသည်။ ဂါဇာတောင်ပိုင်းရှိ ရာဖာမြို့ပတ်ဝန်းကျင်ဧရိယာထဲကိုလည်း အစ္စရေးတင့်ကားများ ဝင်ရောက်လာခဲ့သည်ဟု ဒေသခံများက ဆိုသည်။ အစ္စရေး-ဟားမတ်စ်စစ်ပွဲအတွင်း ပါလက်စတိုင်းဦးရေ စုစုပေါင်း ၅၀,၀၂၁ ဦး သေဆုံးခဲ့ပြီး ၁၁၃,၀၀၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဟားမတ်စ်အဖွဲ့ ဦးဆောင်သည့် ဂါဇာကျန်းမာရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ထုတ်ပြန်လိုက်သည်။ […]

Flow ရုပ်ရှင်ကြောင့် ကြောင်နက်လေးများကို မွေးစားသူ များလာ

Dawei Watch

March 24, 2025

လတ်ဗီးယားနိုင်ငံမှ ဖန်တီးထုတ်လုပ်လိုက်သည့် ‘Flow’ အက်နီမေးရှင်းရုပ်ရှင်ကားကြောင့် ကြောင်နက်များကို မွေးစားသူပိုများလာကြောင့် ပိုလန်အခြေစိုက် TVP World သတင်းဌာနက ဖော်ပြသည်။ ယင်းရုပ်ရှင်ကြောင့် လက်ရှိတွင် လူအများက ကြောင်နက်များကို ပိုမိုသဘောကျနှစ်သက်လာကြပြီး ၊ ကြောင်နက်များကို မွေးစားသည့်အိမ်များ ပိုမိုတိုးပွားလာသည်ဟု ဆိုသည်။ အကယ်ဒမီဆုရထားသည့် အက်နီမေးရှင်းရုပ်ရှင် “Flow” သည် ကြောင်နက်များအပေါ် လူအများ၏ အမြင်ကို ပြောင်းလဲစေခဲ့သည်ဟု ယင်းသတင်းဌာနက ဆိုသည်။ ယင်းရုပ်ရှင်တွင် အနက်ရောင်ကြောင် ကလေးတစ်ကောင်ကို အဓိကသရုပ်ဆောင်အဖြစ် ထည့်သွင်းဖန်တီးထားသည်။ ရေကြီးမှုတစ်ခု ဖြစ်ပြီးနောက် အခြားတိရစ္ဆာန်များနှင့်အတူ လှေတစ်စီးပေါ်တွင် သောင်တင်ပိတ်မိနေသည့် အနက်ရောင်ကြောင်ကလေးတစ်ကောင်၏ ဇာတ်လမ်းဖြစ်သည်။ တကိုယ်တည်းအထီးကျန်ဖြစ်ကာ ကြောက်ရွံ့နေသည့် အဆိုပါ ကြောင်နက်ကလေးက ၎င်း၏ အဖော်များအပေါ် ယုံကြည်မှုရှိလာပြီး အသက်ရှင်ရန် ရုန်းကန်သည့်အကြောင်း ဇာတ်အိမ်တည်ထားသည်။ ယင်းရုပ်ရှင်ကြောင့် လူတော်တော်များများက […]

ထိုင်းလွှတ်တော်တွင် ဝန်ကြီးချုပ်ကို အယုံအကြည်မရှိအဆို ဆွေးနွေး

Dawei Watch

March 24, 2025

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ်အပေါ် အယုံအကြည်မရှိအဆိုကို ယနေ့ လွှတ်တော်ထဲတွင် အချေတင်ဆွေးနွေးခဲ့ရာ သက်ဆင်လွှမ်းမိုးမှုရှိသော ဝန်ကြီးချုပ်ကို ရုပ်သေးရုပ်ဝန်ကြီးချုပ်ဟု ခေါ်ဝေါ်သုံးစွဲခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်သည် ညွန့်ပေါင်းအစိုးရအဖွဲ့ကို ထိထိရောက်ရောက် ဦးဆောင်စီမံနိုင်ခြင်းမရှိသဖြင့် အတိုက်အခံပါတီဖြစ်သော ပြည်သူ့ပါတီခေါင်းဆောင် Natthaphong Ruengpanyawut က ပြီးခဲ့သောဖေဖော်ဝါရီလ အယုံအကြည်မရှိအဆိုကို တင်သွင်းခဲ့ခြင်းအတွက် ယနေ့တွင် စတင်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ်ကို အယုံအကြည်မရှိကြောင်း အဆိုအတွက် မနက်ဖြန် မတ်လ ၂၅ ရက်နေ့တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပြီး မတ်လ ၂၆ ရက်နေ့တွင် မဲပေးဆုံးဖြတ်သွားမည်ဖြစ်သည်။ ဝန်ကြီးချုပ်၏ အခွန်ရှောင်မှုနှင့် ဖခင်ဖြစ်သူ သက်ဆင်ရှင်နာဝပ်၏ လွှမ်းမိုးမှုများအတွက် အဓိက ဝေဖန်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်အဆင့် ဆုံးဖြတ်ချက်ချသည့်အချိန်များတွင် သက်ဆင်မိသားစုက လွှမ်းမိုးနေမှု ပိုများနေသဖြင့် ဝန်ကြီးချုပ်သည် ရုပ်သေးရုပ် […]