ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ကန့်ကွက်နေသော်လည်း BIMSTEC အစည်းအဝေးကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး တက်ရောက်

Dawei Watch

April 3, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နှစ်ရက်ကြာ ကျင်းပမည့် BIMSTEC အစည်းအဝေးကို အာဆီယံ လွှတ်တော်များအဖွဲ့နှင့် အရပ်ဘက်အဖွဲ့များက ဝေဖန်နေသည့်ကြားက စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေအား တက်ရောက်ခွင့်ပြုခဲ့သည်။ ဆွေးနွေးပွဲတွင် ရေကြောင်းပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်အတွက် ဦးသန်းဆွေအပါအဝင် အဖွဲ့ဝင်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးများ လက်မှတ်ရေးထိုးနေသော ပုံများကိုလည်း နိုင်ငံတကာသတင်းဌာနများတွင် တွေ့မြင်ရသည်။ ဘင်္ဂလားပင်လယ်အော် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟု လူသိများသော ခြောက်ကြိမ်မြောက် BIMSTEC အစည်းအဝေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဧပြီလ ၃ ရက်နေ့နှင့် ၄ ရက်နေ့များတွင် ကျင်းပသွားမည်ဖြစ်သည်။ အစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံများဖြစ်သော မြန်မာ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နီပေါနှင့် ဘူတန်နိုင်ငံများက တက်ရောက်လာခြင်းဖြစ်သည်။ BIMSTEC အစည်းအဝေးတွင် စစ်ကောင်စီကို ပါဝင်တက်ရောက်ခွင့် မပေးရန် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်များအဖွဲ့ […]

ထိုင်းတွင် လျှပ်စစ်မီတာခ စျေးနှုန်းများ လျှော့ပေးမည်

Dawei Watch

April 2, 2025

ထိုင်းနိုင်ငံတွင် သုံးစွဲနေသော လျှပ်စစ်မီတာခ ဈေးနှုန်းများကို လာမည့် မေလ ၁ ရက်နေ့မှစ၍ လျှော့ချသွားရန် အစိုးရအဖွဲ့က အတည်ပြုလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယခင်လျှပ်စစ်မီတာခ တစ်ယူနစ် ၄ ဒသမ ၁၅ ဘတ်မှ ၃ ဒသမ ၉၉ ဘတ်သို့ လျှော့ချရန် အတည်ပြုလိုက်ခြင်းဖြစ်သည်။ မီတာခလျှော့ချမှုသည် လာမည့် မေလ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ လေးလတာ အကျုံးဝင်မည်ဖြစ်သည်။ အိမ်သုံးနှင့် စီးပွားရေးလုပ်ငန်းများအတွက် ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးလိုသော ရည်ရွယ်ချက်ဖြင့် မီတာခဈေးနှုန်းများကို လျှော့ချပေးခြင်းဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ်က ပြောသည်။ စွမ်းအင်ဝန်ကြီးဌာနက ဈေးနှုန်းများကို ၄ ရာခိုင်နှုန်းလျှော့ချပေးရန် အဆိုပြုသည့်အပေါ် ဝန်ကြီးချုပ်အဖွဲ့က မီတာခဈေးနှုန်းများ တစ်ယူနစ် ၃ ဒသမ […]

ဘန်ကောက် အဆောက်အအုံပြိုကျမှု မြန်မာလုပ်သား ၂၄ ဦး ပျောက်ဆုံးနေဆဲ

Dawei Watch

April 2, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ငလျင်ကြောင့် အဆောက်အအုံပြိုကျမှုတွင် မြန်မာအလုပ်သမား ၂၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဧပြီလ ၁ရက်က ထုတ်ပြန်သည်။ ကျာတူးကျက်ဒေသက စာရင်းစစ်ချုပ်ရုံးအဆောက်အအုံ ပြိုကျသောနေရာသို့ ထိုင်းအလုပ်သမားဝန်ကြီး ရောက်ရှိလာပြီးနောက် ပျောက်ဆုံးနေသော အလုပ်သမားစာရင်းကို ထုတ်ပြန်လာခြင်းဖြစ်သည်။ အပျက်အစီးများအောက်တွင် ပိတ်မိနေပြီး ပျောက်ဆုံးနေဆဲ အလုပ်သမား ၈၃ ဦးကို ရှာဖွေနေဆဲဖြစ်ကြောင်း ဖော်ပြသည်။ ၎င်းတို့ထဲတွင် ထိုင်းအလုပ်သမား ၅၅ ဦး၊ မြန်မာအလုပ်သမား ၂၄ ဦး၊ ကမ္ဘောဒီးယားအလုပ်သမား ၃ ဦးနှင့် လာအိုအလုပ်သမား ၁ ဦးတို့ ပါဝင်ကြောင်းဖော်ပြသည်။ စာရင်းစစ်ချုပ်ရုံး ပြိုကျမှုကြောင့် ဧပြီလ ၁ ရက်နေ့ ညပိုင်းအထိ သေဆုံးသူ ထိုင်းအလုပ်သမား ၁၁ ဦးနှင့် မြန်မာအလုပ်သမား ၃ ဦး […]

ဘန်ကောက်တွင် ပြိုကျသည့် ဆောက်လက်စတိုက် တည်ဆောက်မှု အီတာလျံ – ထိုင်း ကုမ္ပဏီ ပါဝင်

Dawei Watch

April 1, 2025

ငလျင်ဒဏ်ကြောင့် ဘန်ကောက်မြို့တွင် ဆောက်လက်စ အထပ်မြင့်တိုက်ပြိုကျခဲ့ရသည့် နောက်ကွယ်က အကြောင်းအရင်းကို ထိုင်းအစိုးရက စုံစမ်းစစ်ဆေးလျက်ရှိပြီး အဆိုပါတိုက်ကို တည်ဆောက်သူများတွင် အီတာလျံ – ထိုင်း ကုမ္ပဏီလည်း ပါဝင်ကြောင်း ထွက်ပေါ်လာခဲ့သည်။ ITD ဟု အတိုကောက်ခေါ်သော အီတာလျံ-ထိုင်းသည် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်း ကနဦး တည်ဆောက်ခွင့်ရကုမ္ပဏီဖြစ်ပြီး ကုမ္ပဏီ၏ ဂုဏ်သတင်းနှင့် ပတ်သက်၍ အမြဲတစေ ဝေဖန်မှုများရှိသည်။ ၂၀၁၀ ခုနှစ် စစ်အစိုးရလက်ထက်တွင် ထားဝယ်စီမံကိန်းကို အလုံးစုံ လုပ်ကိုင်ခွင့်ရပြီးနောက် နောက်ပိုင်းတွင် မြန်မာ အစိုးရက စီမံကိန်းမှ ထုတ်ပယ်လိုက်သည်။ မတ်လ ၂၈ ရက်နေ့ (သောကြာနေ့) က ငလျင်လှုပ်ခတ်မှုကြောင့် ဘန်ကောက်မြို့တွင် ပြိုကျခဲ့သည့် အဆိုပါ တိုက်မှာ အထပ် ၃၀ ပါ […]

တရုတ်က ထိုင်ဝမ်ကို ဝိုင်းပတ်ကာ စစ်ရေးလေ့ကျင့်၊ အမေရိကန်ကို သွေးတိုးစမ်း

Dawei Watch

April 1, 2025

ထိုင်ဝမ်ကျွန်းကို ဝိုင်းပတ်ကာ တရုတ်၏ ကြည်းတပ်၊ ရေတပ်၊ လေတပ်နှင့် ဒုံးကျည်တပ်ဖွဲ့များ စုဖွဲ့ကာ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA) က ယနေ့ အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ တရုတ်တပ်ဖွဲ့များ၏ ပူးပေါင်းစစ်ရေးဖော်ဆောင်မှုစွမ်းရည်ကို စမ်းသပ်ရန် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု တရုတ်စစ်တပ်က ဆိုသည်။ ပင်လယ်ပြင်အတွင်း တိုက်ခိုက်ချေမှုန်းရေးနှင့် မြေပြင်ပေါ်ရှိ ပစ်မှတ်များကို တိုက်ခိုက်ချေမှုန်းရေး ၊ အဓိကစစ်ရေးပစ်မှတ်ဧရိယာများနှင့်ပင်လယ်ပြင်ရေလမ်းကြောင်းများကို ပိတ်ဆို့တိုက်ခိုက်ရေးတို့ကို လေ့ကျင့်ခဲ့ကြောင်း သိရသည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာ “ထိုင်ဝမ်လွတ်လပ်ရေး” ခွဲထွက်ရေးအင်အားစုများအတွက် တင်းတင်းမာမာ သတိပေးချက်တစ်ခုဖြစ်သည်ဟု တရုတ်စစ်တပ်က ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိန်းသိမ်းကာကွယ်ရန်အတွက် တရားမျှတမှုရှိပြီး လုပ်ကိုလုပ်ရမည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth […]

ဘန်ကောက် ပြိုကျအဆောက်အအုံထဲ ပိတ်မိနေသော ကြောင်ကို K9 ခွေးက ကယ်တင်

Dawei Watch

April 1, 2025

ဘန်ကောက်တွင် ငလျင်ကြောင့် ပြိုကျသွားသော အဆောက်အအုံထဲက ကြောင်တစ်ကောင်ကို K9 ခွေးက တွေ့ရှိသဖြင့် အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ပြိုကျပြီး ၃ ရက်အကြာ မတ်လ ၃၁ ရက်နေ့တွင် ကြောင်အနက်ကလေးတစ်ကောင်ကို အပျက်အစီးများအောက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကယ်ဆယ်ရေးအဖွဲ့များက ကြောင်ကို အစာများဖြင့် ဆွဲခေါ်၍ လှောင်အိမ်ထဲ ထည့်ကာ ကယ်တင်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ တိရိစ္ဆာန်ဆရာဝန်များက ကြောင်ကို ကျန်းမာရေး စစ်ဆေးပေးခဲ့ပြီး လမ်းဘေးကြောင်းများ ထားရှိရာ ချင်းမိုင်ရှိ Cat Kingdom သို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။ လက်ရှိတွင် ပြိုကျအဆောက်အအုံထဲက အလုပ်သမား ၉ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပြီး‌ သေဆုံးသူ ၁၃ ဦးရှိကာ ၇၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း […]

အမေရိကန်နှင့် ကနေဒါ ဆေးပညာရှင်များ မြန်မာငလျင်ဒဏ်သင့်နေရာတွင် ဆေးရုံလာဖွင့်မည်

Dawei Watch

April 1, 2025

အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံက ဆရာဝန်၊ သူနာပြုနှင့် ကျွမ်းကျင်ပညာရှင်များပါသော ဆေးပညာအဖွဲ့များ မြန်မာငလျင်ဘေးသင့်နေသူများကိုကူညီရန် လာရောက်နေပြီး ယာယီဆေးရုံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ ဆေးအဖွဲ့သည် ခရစ်ယာန် Samaritan’s Purse အဖွဲ့ကဖြစ်ကြောင်း ခရစ်ယာန် တရားဟောဆရာကြီး ဖရန်ကလင်းဂရေဟန်က မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ဆေးအဖွဲ့သည် ငလျင်ဒဏ်သင့်ဒေသတွင် ခွဲစိတ်ခန်းနှစ်ခန်းပါသော ယာယီဆေးရုံကို တည်ဆောက်ပေးသွားမည်ဖြစ်ပြီး ယာယီဆေးရုံထဲတွင် အရေးပေါ် လူနာဆောင်၊ ဓါတ်ခွဲခန်းနှင့် ဆေးပေးခန်းများလည်း ပါဝင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ဆေးဝန်ထမ်းအရေအတွက် ၁၃၀ ဦးရေအထိရှိမည်ဖြစ်ပြီး ဆရာဝန်၊ သူနာပြု၊ ကယ်ဆယ်ရေးအဖွဲ့များ၊ နည်းပညာရှင်များနှင့် ရေကျွမ်းကျင်ပညာရှင်များလည်း ပါဝင်မည်ဟု ဆိုသည်။ ဆေးအဖွဲ့သည် မူလထားရှိသော ကနေဒါနိုင်ငံက စတင်ထွက်ခွာလာနေပြီဖြစ်ပြီး နောက်ထပ် ဆေးရုံသုံးပစ္စည်းနှင့် အရေးပေါ်ပစ္စည်းများကိုလည်း ဆက်လက်ပို့ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ နောက်ထပ် စောင်၊ […]

ဘန်ကောက်တွင် ပြိုကျသောနေရာသို့ ထိုင်းဝန်ကြီးချုပ် ထပ်ရောက်၊ ပိတ်မိနေသော မြန်မာများကို ကယ်ထုတ်ပေးရန် တောင်းဆို

Dawei Watch

March 31, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ငလျင်‌ကြောင့် ပြိုကျသွားသော အထပ်မြင့်အဆောက်အုံနေရာသို့ ဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ် ထပ်ရောက်လာပြီး အပျက်အစီးများအောက် ပိတ်မိနေသော မြန်မာနိုင်ငံသားများကို ကယ်ဆယ်ပေးရန် မြန်မာအလုပ်သမားအဖွဲ့က တောင်းဆိုကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နောက်ဆုံးအချက်အလက်အရ အဆောက်အအုံပြိုကျသောနေရာတွင် မြန်မာအပါအဝင် သေဆုံးသူ ၁၁ ဦးရှိလာပြီး အလုပ်သမား ၇၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖော်ပြသည်။ အသက်ရှင်ကျန်ရစ်နေသော လက္ခဏာများကိုလည်း စစ်ဆေးတွေ့ရှိနေဆဲဖြစ်သဖြင့် မြန်မာအလုပ်သမားများကို ဆက်လက်ရှာဖွေကယ်ဆယ်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်အထိ ငလျင်ဒဏ်ကြောင့် ဘန်ကောက်တွင် သေဆုံးသူဦးရေ စုစုပေါင်း ၁၈ ဦး ရှိလာပြီဖြစ်ပြီး ၃၄ ဦးအထိ ဒဏ်ရာရရှိထားကြောင်း ဖော်ပြသည်။ အဆောက်အုံပြိုကျမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ၇၂ နာရီအချိန်ကျော်လာသည်အထိ မရပ်မနား ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။ အဆောက်အအုံပြိုကျသော နေရာသို့ ထိုင်းဝန်ကြီးချုပ် […]