ထိုင်းမှ ကော့သောင်းသို့ ပြန်ပို့ခံရပြီး စစ်မှုထမ်းစုဆောင်းခံရသူ ငါးဦးထွက်ပြေး၊ တစ်ဦးလွတ်မြောက် လေးဦးပြန်အဖမ်းခံရ
Dawei Watch
April 7, 2025ထိုင်းနိုင်ငံမှ ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်ခံရပြီးနောက် အဓမ္မစစ်သားစုဆောင်းခံရသူ ငါးဦးထွက်ပြေးကြရာ တစ်ဦးလွတ်မြောက်ပြီး လေးဦးပြန်လည်ဖမ်းဆီးခံရကြောင်း လွတ်မြောက်လာသူကို လက်ခံခိုလှုံခွင့်ပြုထားသည့် ကော့သောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံမှ သိရသည်။ စစ်မှုထမ်းသင်တန်း ပို့ဆောင်ရန် ကော့သောင်းမြို့နယ်အခြေစိုက် အမှတ် (၄၃၁) စစ်ကောင်စီခြေမြန်တပ်ရင်းတွင် စုဆောင်း ခံရသည့် အမျိုးသားငါးဦး မတ်လ နောက်ဆုံးအပတ်တွင် ထွက်ပြေးခြင်းဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။ “ထွက်ပြေးလာပြီး ကော့သောင်းမြို့ ၉ မိုင်မှာ ယောင်လည်လည်ဖြစ်နေတုန်း လေးယောက်က ပြန်အဖမ်းခံလိုက်ရတယ်။ တစ်ယောက်ကတော့ ကျွန်တော်တို့ဆီကို (ဧပြီလ) ၁ ရက်နေ့မှာ ဆက်သွယ်ပြီး ရောက်လာတယ်” ဟု ကော့သောင်း ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထွက်ပြေးလွတ်မြောက်လာသူသည် အသက် ၂၀ အရွယ် ကော့သောင်းဒေသခံ ကိုမင်းမင်းဆိုသူဖြစ်ပြီး ထိုင်းနိုင်ငံတွင် […]


