တိတ်တိတ်ပုန်းချစ်သူကို အိမ်သာထဲ ခေါင်းနှစ်၍ ကျင်ငယ်ရေ သောက်ခိုင်းသည်ဆိုပြီး ပါယက် ရဲတိုင်ခံရ
Dawei Watch
April 16, 2025ဝက်စ်ဟမ်းကွင်းလယ်လူဟောင်း ပါယက်သည် ၎င်း၏တိတ်တိတ်ပုန်းချစ်သူကို အိမ်သာခွက်ထဲသို့ ခေါင်းနှစ်၍ ကျင်ငယ်ရေ သောက်ခိုင်းသည်ဆိုကာ ရဲတပ်ဖွဲ့ထံ တိုင်ကြားခံရပြီး ရဲတပ်ဖွဲ့က ယင်းအမှုကို စုံစမ်းစစ်ဆေးနေကြောင်း Metro က ဖော်ပြသည်။ ပါယက်သည် လက်ရှိတွင် ဘရာဇီးကလပ် ဗာစကိုဒဂါးမားကို ကိုယ်စားပြု၍ ကစားသမားဘဝဖြတ်သန်းနေပြီး ဘရာဇီးသို့ ရောက်ပြီးချိန်တွင် အသက် ၂၈ နှစ်အရွယ် ရှေ့နေ လာရစ်ဆာနှင့် ဇာတ်လမ်းများ ဖြစ်ခဲ့ခြင်းဖြစ်သည်။ ပါယက်နှင့် လာရစ်ဆာတို့အကြားတွင် ၂၀၂၄ခုနှစ် စက်တင်ဘာလမှစ၍ ပြီးခဲ့သည့် မတ်လထိတိုင် ပတ်သက်ဆက်နွှယ်မှုများ ရှိခဲ့ပြီး ရဲမှတ်တမ်းများ၌ ပါယက်က လာရစ်ဆာအပေါ် ကျူးလွန်မှုများမှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်မှ ဖေဖော်ဝါရီလ ၆ ရက်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ဘရာဇီးသတင်းမီဒီယာ G1 နှင့် တွေ့ဆုံခဲ့ရာတွင် […]


